နောက်ထပ် ၂၀၁၉ခုနှစ်ထွက် Action/Crime ဇာတ်ကားသစ်လေးဖြစ်ပါတယ်။
Cast တွေကတော့ မင်းသားကြီး Bruce Willis တို့ Michel Chiklis တို့ဦးဆောင်ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်လေးကတော့ ဘဏ်ဓားပြတိုက်ဖို့အတွက် အလုပ်အပ်ခံရတဲ့ Bruce တို့အဖွဲ့ဟာ ပုံမှန်လုပ်ဖူးနေကျဖြစ်တဲ့အတွက် ထုံးစံအတိုင်းသေချာအစီအစဉ်ထောင့်စေ့အောင်ချပြီး လုပ်ငန်းစခဲ့ပါတယ်။
ငွေသိမ်းခန်းထဲဝင်ပြီး ပစ္စည်းယူပြီးသည်အထိ အားလုံးဟာအစီအစဉ်အတိုင်းဖြစ်နေခဲ့ပေမယ့်……
မမျှော်လင့်ထားတာတွေကြောင့်အားလုံးဖရိုဖရဲဖြစ်ကုန်ပါတယ်။
ဘာလို့အဲလိုမမျှော်လင့်ထားတာတွေဖြစ်လာသလဲဆိုတာကို
Michel Chikilis တစ်ယောက်အသည်းအသန် လိုက်စစ်ဆေးဖော်ထုတ်ရပါတော့တယ်။
Poker ဖဲကစားနည်းမှာ တဖက်ထိုးသားကို သူ့ကိုယ်သူလုံးဝယုံကြည့်ချက်ပြည့်နေအောင်ထောင်ဖမ်းပြီး ဆွဲစားတဲ့နည်းလမ်းလေးအတိုင်းပဲ…..
သူတို့တွေလည်းဒီလိုအလုပ်ခံခဲ့ရတယ်ဆိုတာကို နောက်ဆုံးမှာသိလိုက်ရချိန်မှာတော့ တရားခံကဘယ်သူလဲဆိုတာကိုကိုယ်တိုင်ပဲကြည့်လိုက်ပါဦး…..Crd: Channel Myanmar
Related