IMDb rating 7.6 ရရှိထားတဲ့ ဇာတ်ကားလေးပါ။ ဒီတစ်ခေါက် ပရိတ်သတ်ကြီးကိုအိန္ဒိယနိုင်ငံရဲ့ အကျော်အမော် သရုပ်ဆောင်ကြီး အမီတာဘဂျမ်းရဲ့ အသစ်စက်စက် ရုပ်ရှင်ကားကြီး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီကားရဲ့ ထူးခြားချက်ကလေးတွေကို အရင်ဆုံး ကောက်နှုတ်ဖော်ပြပေးပါရစေ။ ဇာတ်လမ်းထဲက အမီတာဘဂျမ်းရဲ့ အသက်က 102 နှစ်ရီရှီးကပူးရ်ရဲ့ အသက်က 75 နှစ်27 နှစ် ကွာခြားပာတယ်။ တကယ့်အပြင်မှာတော့ မင်းသားကြီး ရီရှီးကပူးရ်က အမီတာဘဂျမ်းထက် ၇ နှစ်သာ ငယ်ပါသတဲ့။
ဒီအချက်ကိုတော့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ရီရှီးကပူးရ်တို့ Ajooba 1991 ဆိုတဲ့ ဇာတ်ကားရဲ့ နောက် နှစ်ပောင်း ၂၇ နှစ်ကြာမှရုပ်ရှင်ဖန်သားပြင်မှာ အတူတကွ တွဲဖက်ပြီး ပြန်လည်သရုပ်ဆောင်တဲ့အမှတ်အသားတစ်ခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ်။
တိုက်ဆိုင်စွာပဲ ဒီကားရိုက်ကူးစဉ်မှာမင်းသားကြီး အမီတာဘဂျမ်းဟာ အသက် 75 နှစ်ရှိနေပါပြီ။ ဒီကားကို 2016 ခုနှစ် အလယ်လောက်မှာ ရိုက်ကူးဖို့ လျာထားခဲ့ပေမယ့် ဇာတ်ညွှန်းအပြောင်းအလဲကြောင့် 2018 ခုနှစ်ကျမှ ရိုက်ကူးပြီးစီးခဲ့ပါတယ်။
ရီရှီးကပူးရ်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဘာဘူလားနေရာမှာ မူလက ပါရက်ရှ်ရာဝဲလ်ကို ထည့်သွင်းရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဒီကားကို Saumya Joshi ရဲ့ Gujrati ဆိုတဲ့ ပြဇာတ်ကို အခြေခံကာ အပြောင်းအလဲ အနည်းငယ်ဖြင့် ရိုက်ကူးပုံဖော်ခဲ့ခြင်း ဖြစ်ပါတယ်။
လူ့ဘဝဆိုတာဟာ အသက်အရွယ်ကြီးလာချိန်မှာ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ သားသမီးတွေမြေးတွေဝန်းရံပြီးပျော်စရာစိတ်ချမ်းသာစရာတွေနဲ့ နေရရင်အတော့်ကို ကံကောင်းပါတယ်။ ဒီထက်ပိုပြီး ကိုယ်အသက်အရွယ်ရလာချိန်ကိုယ့်မှာ ဖခင် သော်လည်းကောင်း မိခင်သော်လည်းကောင်း သက်ရှိထင်ရှားရှိနေသေးရင် ပိုလို့တောင် ကံကောင်းတယ်လို့ ပြောနိုင်ပါတယ်။
ဘာဘူဆိုတဲ့ အဘိုးကြီးက အသက် 75 နှစ်အသက်နဲ့စိတ်က အတူတူပဲ 75 နှစ်သူ့ဇနီးသည်ကဆုံးပါးသွားပြီဖြစ်သလို တစ်ဦးတည်းသောသားကလည်း အမေရိကားမှာ အိမ်ထောင်ကျ အခြေချသွားပြီစိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့စကားလိုပဲအိမ်အိုကြီးတစ်လုံးထဲမှာ သူ့ဖခင်ဖြစ်သူရယ်ဆွေမျိုးမကင်းတဲ့ ကောင်လေးတစ်ယောက်ရယ်နဲ့ အတူနေပေမယ့် သူ့ဘဝဟာ ခြောက်သွေ့လွန်းလှတယ်။
ကိုယ်တိုင်က ဇီဇာကြောင်တတ်သလို စိတ်တိုလွယ် စိတ်ထိခိုက်လွယ်တယ်။ အစွဲအလန်းကလည်း ကြီးတတ်သေး။ သူ့ဖခင်ကြီးနာမည်က ဒတ္တထရီတဲ့ အသက် 102 နှစ် လူအသက်က 102 စိတ်အသက်က 26 နှစ် ဒီအသက်အရွယ်အထိ နှစ်ပေါင်းများစွာ နေလာနိုင်တဲ့ သူ့ရဲ့ လျို့ဝှက်ချက်က ပျော်ပျော်နေတတ်တဲ့ အကျင့်ကြောင့်များလား မသိ။
အကျဉ်းကျနေတဲ့ သားဖြစ်သူရဲ့ စိတ်ကိုအရင်အတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးဖို့ဒတ္တထရီ စဉ်းစားတယ်။ အိမ်ကိုတွယ်တာလွန်းတဲ့ သူ့သားဘာဘူ့ကို ဂင်းနစ်မှတ်တမ်းအကြောင်းပြပြီး ဘိုးဘွားရိပ်သာပို့ဖို့ ခြိမ်းခြောက်တယ်။ ဒါမှ ကမ္ဘာပေါ်မှာ သားဖြစ်သူကို ဘိုးဘွားရိပ်သာပို့တဲ့ ပထမဆုံးဖခင် ဖြစ်လာမှာကိုး။ ဒီအကြောင်းကို သိသွားတဲ့ ဘာဘူ့ခမျာ ဖခင်ကြီး တကယ်လုပ်မှာကို ကြောက်နေတယ်။ ဒတ္တထရီကလည်း အလျှော့မပေး။ သူခိုင်းတဲ့ စမ်းသပ်မှုတွေ မအောင်ရင် တကယ်ပို့မယ် တကဲကဲ။
ပထမ
ဒုတိယ
တတိယ စမ်းသပ်မှုတွေကို ကျော်ဖြတ်အပြီးနောက်ဆုံးသော စမ်းသပ်မှုမှာ ဘာဘူရင်ကွဲရပြီနှစ်ပေါင်းများစွာ ကွဲကွာနေပြီးအခုမှ ပြန်တွေ့ရမယ့်သူ့သားဖြစ်သူအာမိုးနဲ့ သူ့အဖေက မတွေ့ရဘူးတဲ့လေ။ ဘာကြောင့်များပါလိမ့်။
အနှစ်ချုပ် ပြောရရင်”မင့်သားက ငါ့သားကို အနိုင်ယူအလဲထိုးသွားတာမျိုးငါခွင့်မပြုနိုင်ဘူး”တဲ့။ ဖခင်တစ်ယောက်က ပြောတဲ့နှုတ်ထွက်စကားဟာ ဒီကားလေးရဲ့ အသက်ဖြစ်သွားတယ်။ အစကနေ အလယ်လောက်အထိစိတ်ဝင်စားစရာတွေနဲ့အဘိုးကြီးနှစ်ယောက်ကြားက အလွဲတွေကြောင့် တသောသော ရယ်မောခဲ့ရပြီး နောက်ပိုင်းရောက်လေလေစိတ်ထိခိုက်ရလေလေပါ။
ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့လူအိုကြီးတစ်ယောက်ရဲ့ မျှော်လင့်ချက်ကြားက လွန်ဆွဲတဲ့ပွဲမှာဖခင်ဖြစ်သူရဲ့ စမ်းသပ်မှုတွေကို
ကျော်ဖြတ်နိုင်ဖို့ ကြိုးစားရင်း ဘာဘူတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဘိုးဘွားရိပ်သာကိုပဲ ရောက်သွားမလား…???ဖခင်ဖြစ်သူကို အဆင်ပြေအောင် လုပ်ပေးနိုင်မလား..ဆိုတာကိုတော့…ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှု ခံစားလိုက်ပါ……..Crd: Channel Myanmar
Related