လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ Horror/Thriller အမျိုးအစားဖြစ်ပြီးတော့ ၂၀၁၆ ကထွက်ရှိထားတဲ့ 13 Cameras ရဲ့အဆက်လည်းဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်းကတော့ သားအမိသားအဖလေးယောက်နဲ့ သမီးဖြစ်သူရဲ့သူငယ်ချင်းကောင်မလေးတစ်ယောက် စုစုပေါင်း ၅ ယောက်တို့ဟာ မိသားစုအပန်းဖြေခရီးထွက်ဖို့ ရေကူးကန်ပါတဲ့ အိမ်ကြီးတစ်လုံးကို အင်တာနက်ကတစ်ဆင့် သက်သက်သာသာငှားရမ်းလိုက်ကြပါတယ်။
အိမ်ကြီးကတော့ တကယ့်အမိုက်စားပါပဲ။ ဝက်ဆိုက်ကဓာတ်ပုံအရတော့ အိမ်ရှင်အမျိုးသမီးကလည်း ခပ်ချောချောနဲ့ သဘောကောင်းမယ့်ပုံစံပါ။ ရောက်စကတော့ ရေလေးကူးလိုက် အရက်လေးသောက်လိုက်နဲ့ ပျော်နေကြတာပေါ့။
သူတို့မသိတာက တစ်အိမ်လုံးကို ကင်မရာတွေတပ်ထားပြီး သူတို့လှုပ်ရှားသမျှကို စောင့်ကြည့်ရုံမကပဲ Dark Web ပေါ်မှာပါ Live stream နေတဲ့ psychopath ကြီးတစ်ယောက်ရှိနေတယ်ဆိုတာပါပဲ။ အိမ်ရှင်အမျိုးသမီးဘယ်ရောက်သွားတာလဲ။ သူတို့မိသားစုဘာတွေကြုံရမလဲဆိုတာကိုတော့ ရင်တဖိုဖိုနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦး……Crd: Channel Myanmar
Related