၂၀၁၈ ခုနှစ်မှာ ထွက်ထားတဲ့ ဟင်ဒီစတားနဲ့တမီးလ်စတားတို့ အားပြိုင်ထားတဲ့ ၂၀၁၈ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားဟာ ၂၀၁၀မှာ ထွက်ခဲ့တဲ့ Enthiranရဲ့ အဆက်ဆိုလည်း မမှားပါဘူး။ ပထမဇာတ်ကားထဲမှာတော့ ချက်တီးစက်ရုပ်ကိုမသမာသူတွေရဲ့ လက်ချက်ကြောင့် သိမ်းဆည်းခံခဲ့ရတာ အားလုံးသိမယ်ထင်တယ်။
ဇာတ်လမ်းအကျဉ်းကို ချပြရမယ်ဆိုရင်လူတိုင်းလည်းသိပြီးထားလောက်ပါပြီ။မြို့ထဲမှာ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပျက်ပုံကို စတင်တွေ့မြင်ရမှာပါ။
ရှိရှိသမျှ မိုဘိုင်းဖုန်းတွေဟာ ဘာရယ်ကြောင့်မှန်းမသိလေထဲ လွင့်ထွက်ပျံသန်းသွားခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ တခြားမိုဘိုင်းဖုန်းအရောင်းကိုယ်စားလှယ်တွေနဲ့ဆက်သွယ်ရေးဝန်ကြီးတွေပါ အသတ်ခံရပါသေးတယ်။
ဖုန်းတွေ ဘယ်ရောက်သွားကြတာလဲ။ဘယ်သူ့လက်ချက်လဲ ဆိုတာ အားလုံး ပဟေဠိဖြစ်နေကြချိန်မှာဒါကို အဖြေရှာဖို့ ဒေါက်တာဗာစီကရန်ဟာ ကြိုးစားခဲ့ပါတယ်။
ဒီလိုနဲ့ စစ်တပ်ကတောင် မနိုင်တဲ့ ထိုအရာကြီးကိုချေမှုန်းဖို့… ချက်တီးစက်ရုပ်ကို ပြန်လည်အသက်သွင်းဖို့ အကြောင်းဖန်လာပါပြီ။ကဲ ချက်တီးနဲ့အတူ မိုက်ခရိုဘော့လေးတွေလည်းပါဝင်ခံစားလိုက်ပါဦးဗျာ….. Crd: Channel Myanmar
Related