ဒီတစ်ခါ ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ စုံထောက်ကားလေးတစ်ကားပါ။
ဇာတ်လမ်းအညွှန်းပြောရမယ်ဆိုရင် တစ်နေ့ ဂျန်နီဖာရော့ခ်ဝဲဆိုတဲ့ နက္ခတ်ဗေဒပညာရှင်ကောင်မလေးဟာ နက္ခတာရာကြည့်မျှော်စင်မှာပဲ သေနတ်ဒဏ်ရာနဲ့သေဆုံးနေခဲ့ပါတယ်။
အဲ့အမှုကို ဦးဆောင်စစ်ဆေးတဲ့လူကတော့ မိုက်ဟူလင်တန်ဆိုတဲ့ အမျိုးသမီးစုံထောက်ပါ။
သူတို့စစ်ဆေးရေးအဖွဲ့လဲ ပထမ သံသယရှိသူတွေကို တစ်ယောက်ပြီးတစ်ယောက် စစ်မေးကြတာပေါ့။ နောက်ပိုင်းသိလာတာက အမှုကဟိုးအရင်က ဖြစ်ခဲ့ဖူးတဲ့ ကွင်းဆက်လူသတ်သမားအမှုနဲ့ ဆင်တူနေတယ်ဆိုတာပါပဲ။
ဒါပေမဲ့ တရာခံက ဘယ်လိုမျိုးမထင်မှတ်ထားတဲ့လူ ဖြစ်နေမလဲ။ အဲ့တရားခံနဲ့ စုံထောက်နဲ့ကရော အတိတ်မှာ ဘယ်လိုပက်သက်မှုတွေ ရှိနေမလဲဆိုတာကိုဇာတ်လမ်းလေးထဲ စီးမျောပြီး အဖြေရှာကြည့်ရအောင်ပါ……Crd: Channel Myanmar
Related