Jane ကအောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ ကလေးဘဝတည်းက ပါရမီပါခဲ့သူပါ…
ဒါပေမယ့် တခြားသရုပ်ဆောင်တစ်ယောက်နဲ့ ကောလဟာသတင်းထွက်ပြီးနောက်မှာတော့ သူ့မရဲ့သရုပ်ဆောင်လမ်းကြောင်း ပျက်စီးသွားခဲ့ရပါတယ်….
အဲ့အချိန်ကစပြီး အရက်ကိုပိုမိုစွဲလန်းလာပြီး အချစ်ရေးမှာရော သူမရဲ့အနုပညာလမ်းကြောင်းမှာပါ…
ဆုံးဖြတ်ချက်တွေမှားယွင်းချမှတ်ခဲ့ပြီး ပြဿနာတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတော့တယ် …
တစ်နေ့မှာတော့ ဘားတစ်ခုမှာအရက်သောက်သောက်ရင်း Brisom ဆိုတဲ့ band က အဆိုတော်လေး Francis ဆိုတဲ့လူနဲ့စတင်ဆုံတွေ့ခဲ့ပါတော့တယ် …
Francis ဟာသူမရဲ့ဘဝကိုအလင်းတန်းယူဆောင်လာပေးပြီး အမှောင်ထဲကနေလွတ်မြောက်နိုင်ပါ့မလားဆိုတာ…
.အေးအေးလေးနဲ့ ဇာတ်လမ်းထဲစီးမြောခံစားသွားရမယ့် ဖိလစ်ပိုင်အချစ်ဇာတ်ကားလေးပါ…
အရက်ဖူးစာလို့ပြောရမလားမသိ…ခံစားကြည့်ကြပါဦး……Credit: Channel Myanmar
Related