အားလုံးစောင့်နေတဲ့ deadpoolမင်းသားရဲ့ 2019ထွက်ကားသစ်လေးလာပါပြီ။
ကမ္ဘာကြီးရဲ့အရှုပ်တွေကို ရှင်းပေးချင်တဲ့သူတစ်ယောက်ရဲ့ ဇာတ်လမ်းကိုရိုက်ကူးထားတာပါ။
တာကစ္စတန်ကို အုပ်ချုပ်နေတဲ့သူ သေသွားတော့ သူ့သားနှစ်ယောက်ထဲကမကောင်းတာတွေကို လုပ်တဲ့လူက သူ့ညီကို ဖမ်းထားပြီးတော့ နိုင်ငံကိုသိမ်းယူထားပါတယ်။
နိုင်ငံတွင်းမှာလည်း ဆူပူမှုတွေရော ဂတ်စ်နဲ့တိုက်ခိုက်မှုတွေကိုပါ လုပ်တဲ့သူတစ်ယောက်ပေါ့။
အဲဒါကိုမြင်ပြီး ကယ်တင်ချင်တဲ့ ryan reynoldsတစ်ယောက် လူတွေလိုက်စုပြီး ဖမ်းခံထားရတဲ့ညီကို ကယ်တင်ဖို့လုပ်ပါတော့တယ်။
သူတို့အဖွဲ့ထဲမှာ စည်းမျဥ်းတစ်ခုရှိပါတယ်။ ကိုယ်ဘယ်သူဘယ်ဝါဆိုတာ အချင်းချင်းတောင် မသိကြတာပါ။ နာမည်ကအစ ဘာဆိုဘာမှမသိကြတဲ့လူတွေ စုပြီးတော့ ဘယ်လိုတွေကယ်ဆယ်ရေးလုပ်ကြမလဲဆိုတာ….
Actionကြီးပဲမဟုတ်ပဲ ဟာသလေးတွေပါ နှောထားတော့ တကယ်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါ……Crd: Channel Myanmar
Related