ပရိတ်သတ်ကြီးအတွက် Drama,Thriller ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Lesiure Guys ဆိုတဲ့ လျှပ်စစ်ပစ္စည်းတွေရောင်းနေတဲ့ဆိုင်မှာရောင်းသူ ဝယ်သူတွေနဲ့ စည်ကားနေပါတယ်။
အဲ့အချိန်မှာ ဗီယက်နမ်သားတွေဖြစ်တဲ့ လိုရီ လောင် နဲ့ ဖန်တို့ ညီအစ်ကိုသုံးယောက်နဲ့ သူတို့သူငယ်ချင်း ကွန်တို့ဟာ လက်နက်တွေကိုင်ပြီး စတိုးဆိုင်ကို ဓားပြဝင်တိုက်ပြီး ဓားစာခံတွေကိုဖမ်းထားပါတယ် ။
ဓားပြတိုက်ခံရကြောင်း ရဲတွေ သိပြီးနောက်မှာ စုံထောက် ဂိုမက်စ်ဦးဆောင်တဲ့ အဖွဲ့ဟာ စတိုးဆိုင်ရှိရာအဆောက်အဦးနားကိုရောက်လာပြီး ဓားစာခံတွေကို ဘေးကင်းကင်းနဲ့ လွှတ်မြောက်အောင် ဓားပြတွေကို ဘယ်လိုစည်းရုံးသိမ်းသွင်းမလဲ၊ လိုရီတို့အဖွဲ့လည်း ဘယ်လိုတွေ တောင်းဆိုပြီး ကိုယ်လွတ်ရုန်းမလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်….Crd: Channel Myanmar
Related