ဒီကားလေးကတော့လူငယ်ဆန်ဆန်ဇာတ်ကားလေးပါ။
မိသားစုဒရမ်မာနဲ့လူငယ်အချစ်ဇာတ်လမ်းရယ်တက္ကဆက်ပြည်နယ်ရဲ့အလှအပတွေရယ်နဲ့ပေါင်းစည်းထားတဲ့ဇာတ်ကားကောင်းလေးပါ။
အက်ဘီဆိုတဲ့ကေင်မလေးဟာဟင်းလျာချက်ပြုတ်ရာမှာလိုအပ်တဲ့ပစ္စည်းတွေကိုညွှန်းပေးတဲ့တီဗီရှိုးတစ်ခုရဲ့တင်ဆက်သူကောင်မလေးပါ။
သူ့ကိုတစ်ရက်သူဌေးတစ်ယောက်ကကုန်ပစ္စည်းအသစ်ထုတ်ဖို့လာကမ်းလှမ်းတဲ့အခါမှာ……ဒါပေမယ့်သူဌေးကနယူးအင်္ဂလန်ရဲ့လူနဲ့သာအလုပ်တွဲလုပ်ချင်တယ်ဆိုတာကြောင့်အက်ဘီတစ်ယောက်သူ့ကိုယ်သူနယူးအင်္ဂလန်သူတစ်ယောက်ဖြစ်အောင်လိမ်ရပါတော့တယ်။
အဲဒီအချိန်မှာပဲတက္ကဆက်မှာရှိတဲ့သူ့ရဲ့အဖေဖြစ်သူဒဏ်ရာရသွားတဲ့သတင်းကိုကြားပြီအက်ဘီတစ်ယောက်တဆက်ကိုလိုက်သွားဖို့အကြောင်းဖန်ပါတော့တယ်။
သူ့အဖေနဲ့သူနဲ့ကြားမှာလည်းနားလည်မှုတွေလွဲနေရင်းအဆင်မပြေဖြစ်နေတဲ့သားအဖနှစ်ယောက်ပြဿနာကိုဘယ်လိုရှင်းမလဲ။
သူ့ရဲ့ကျောင်းတုန်းကရည်းစားဟောင်းကလည်းသူ့အဖေခြံမှာအလုပ်လုပ်နေတာကိုသိလိုက်ရတဲ့အခါမှာအဆက်ဟောင်းလေးနဲ့ဘယ်လိုတွေနှစ်ပါးသွားမလဲ။
သူဌေးကြီးကိုလိမ်ထားတဲ့ကိစ္စရောအဆင်ပြေပြေပြီးမလားလိမ်တာပေါ်သွားမလား။ ဒီကားလေးကကျေးလက်ရဲ့ရှုခင်းတွေသဘာဝပတ်ဝန်းကျင်တွေကိုသေချာလေးရိုက်ပြထားတဲ့ကားလေးမို့စိတ်အပန်းပြေစေမယ့်လူငယ်ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ….Crd: Channel Myanmar
Related