ဥရောပအလယ်ပိုင်းက မထင်မရှားနိုင်ငံတစ်ခုကတော်ဝင်မင်းသမီးလေး ကာလီဟာသူရဲ့ နန်းတွင်းတော်ဝင်အရေးအရာတွေကနေတစ်နှစ်တိတိ ခွင့်ယူပြီး နိုင်ငံရပ်ခြားကရေခဲတောင်အပန်းဖြေရိပ်သာတစ်ခုမှာ ပွဲစီစဉ်သူအဖြစ် တိတ်တဆိတ် ဝင်ရောက်လုပ်ကိုင်နေပါတယ်။
မွေးကတည်းက ပြဌာန်းလိုက်ပြီးသား ဘဝတစ်ခုကနေခဏတာ သွေဖည်ပြီး ကိုယ်တိုင် ဘာလုပ်နိုင်တယ်ဆိုတာကိုရှာဖွေဖို့ရာ စိတ်အားထက်သန်နေတဲ့ ကာလီလေးဟာတကယ်တမ်းမှာတော့ လုံလောက်တဲ့ အခွင့်အရေးမျိုးကိုတစ်နှစ်အတွင်းမှာ မရရှိခဲ့ရှာပါဘူး။
ပြန်ရမယ့်ရက်နီးလာခါမှ ကြုံတောင့်ကြုံခဲပွဲတော်ကြီးတစ်ခုကိုစီစဉ်ပေးရဖို့ဖြစ်လာပါတယ်။
သာမန်သူအဖြစ် ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားပြချင်တဲ့ကာလီလေး ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်မှာလား။
ဒါ့အပြင် သူနဲ့ အတူ လက်တွဲလုပ်ကိုင်ရမယ့် တွဲဖက်ကိုလူချောတစ်ယောက်လည်းပါလာပါတယ်။
သူ့ရဲ့ ကွယ်ဝှက်ထားတဲ့ မင်းသမီးဆိုတဲ့ဂုဏ်ပုဒ်တစ်ခုကိုရော အဆုံးထိ လျှို့ဝှက်သွားနိုင်မှာလား။
ရေခဲပြင်ကျယ်ကြီးတွေ နှင်းပွင့်နင်းမှုံတွေနဲ့ အေးစိမ့်စိမ့်ပတ်ဝန်းကျင်နောက်ခံကိုကြည်နူးငွေ့လေးဟပ်ပြီးကြည့်ရှုကြရမယ့်ရိုမန့်ကားလေးတစ်ကားပါ…..Crd: Channel Myanmar
Related