Here comes the grump ဆိုတဲ့ဇာတ်ကားလေးကတော့ ကာတွန်းကားလေးတစ်ကားဆိုတာထက် မေတ္တာတရားတွေအမုန်းတရားတွေ လက်သားချေလိုမှုတွေနဲ့ ချယ်မှုန်းထားတဲ့ ရုပ်ရှင်လေးတစ်ခုဖြစ်ပါတယ်။
တစ်ခါက တက္ကသိုလ်မှာ အတော်ဆုံးဖြစ်ခဲ့တဲ့ ဂရင်းတစ်ဖြစ်လဲ ဂရမ့်ဟာဘုရင်းမင်းမြတ်ဆီ ပထမဆုံး အလုပ်စဝင်တဲ့နေ့မှာပဲ စေတနာအမှားတွေဖြစ်ပြီး ဘုရင်ကြီးရဲ့ အမျက်တော်ရှမှုကို ခံခဲ့ရလို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
သူ့ရဲ့ချစ်သူဟာလည်း ဘုရင်မင်းကြီးရဲ့ အမိန့်ကြောင့် ပြည်နှင်ဒဏ်ပြေးခံခဲ့ရပြီး တစ်သက်လုံးဝေးဖို့အကြောင်း ဖန်လာတဲ့အခါမှာတော့ ဂရမ့်တစ်ယောက်ရဲ့ အမုန်းတွေ အငြိုးတွေဟာ အဆုံးစွန်ထိ ရောက်ရှိခဲ့ရပါတယ်။
နှစ်ပေါင်းများစွာကြာခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ အမုန်းတွေကို လက်စားချေဖို့လာရင်းဘယ်လိုအရာတွေက သူ့ကိုတားဆီးပြီး ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာတော့ ဇာတ်လမ်းကောင်းလေးမို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါခင်ဗျာ။
ဇာတ်အိမ်ကောင်းလေးမို့လို့ ခလေးတင်မဟုတ်လူကြီးတွေလည်း ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်နော်…. Crd: Channel Myanmar
Related