IMDb rate 6.7Rotten Tomatoes rate 73%Adrift ( မျောပါခြင်း) ဆိုတဲ့အချစ်ကားလေးက ပင်လယ်ကိုအပျော်ခရီးထွက်ရင်း မတော်တဆလှေမောက်သွားတဲ့ ချစ်သူနှစ်ဦးရဲ့ ၁၉၈၃က ဖြစ်ရပ်လေးကို ဒီနေ့ခေတ်ပုံစံအသွင်ဖြင့် ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတာပါ။
ဒီကားထဲက ရစ်ချက်သရုပ်ဆောင်မင်းသားကို 2016 ခုနစ်က အင်္ဂလန်မှာ ရိုက်ကူးခဲ့တဲ့အချစ်ကားလေး ( me before you) ဆိုတဲ့ကားကိုကြည့်ဖူးရင်သိမှာပါ။
အဲ့ကားထဲမှာ မင်းသားက wheelchair ပေါ်ထိုင်နေရတဲ့ သူဌေးသားတစ်ဦးဖြစ်ပြီး မင်းသမီးကတော့ မင်းသားကိုပြုစုဖို့အလုပ်လာလျှောက်တဲ့ကောင်မလေးပေါ့။
ဒီအချစ်ကားလေးအဆုံးမှာမင်းသားက သူ့ဘဝတစ်ခုလုံး wheelchairပေါ်မှာထိုင်ရင်း မကုန်ဆုံးနိုင်တော့လို့ သူ့ကို ဆေးထိုးသက်ပေးခိုင်းလိုက်တာပါ။ တကယ့်ကိုရင်နှစ်ဖွယ်ကားလေးပါ။ အခုဒီကားလေးမှာလဲSam Claflinပါဘဲ။ အင်္ဂလန်နိုင်ငံရဲ့မင်းသားပီပီ မျက်ခုံးထူထူ နှာတန်ချွန်ချွန်ပါးသိုင်းမွေးရေးရေးလေးတွေနဲ့ တကယ့်ကိုယောကျ်ားပီသတဲ့ရုပ်ပါဘဲ……Crd: Channel Myanmar
Related