ဒီကားလေးကတော့ အမေရိကန်နိုင်ငံရဲ့မှာ ရှိတဲ့ဆယ်ကျော်သက်လမ်းဘေးလူငယ်တွေရဲ့ လှုပ်ရှားရုန်းကန်ရတဲ့ဘဝတွေ ဆေးစွဲနေတာတွေ လမ်းဘေးကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာဗီဒီယိုတွေလုပ်ဖို့မြူဆွယ်တာ ပျက်စီးနေတဲ့အကြောင်းတွေကိုရိုက်ပြထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းမှာ အနှိမ်ခံနေ အနိုင်ကျင့်ခံနေရတဲ့အယ်လီတစ်ယောက်ကိုကျောင်းက အတန်းဖော်တွေ အနိုင်ကျင့်နေတုန်း ထရေစီဆိုတဲ့လမ်းဘေးကောင်မလေးတစ်ယောက်က ဝင်ကယ်ခဲ့တာစပါတယ်။
အယ်လီ ရဲ့အမေဟာသေဆုံးသွားပြီ မိထွေးနဲ့အတူတူနေရပါတယ်။ အဖေဟာအလုပ်တွေများနေတဲ့အယ်လီကိုသေချာမစောင့်ရှောက်နိုင်ပါဘူး။
ဒါ့အပြင် အဲ့မိထွေးရဲ့သားကလဲအယ်လီကိုလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်တာတွေရှိလာခဲ့အတွက် အယ်လီဟာအိမ်မှာမနေချင်တော့ပါဘူး။
အဲ့ဒါကြောင့် အသက်ဆယ့်သုံးနှစ်အရွယ်အယ်လီ အခုမှတွေ့တဲ့ထရေစီနဲ့အတူ အိမ်မှာမနေတော့ဘဲ လိုက်သွားပါတယ်။
အဲ့အချိန်မှာ လမ်းဘေးမှာအိပ် လမ်းဘေးမှာစားနဲ့ သူ့ရဲ့လမ်းဘေးဘဝကစတင်ပါတော့တယ်။
ထရေစီနဲ့အတူကောင်းမွန်တဲ့ဘဝကိုနေပေမယ့် လမ်းဘေးလူငယ်တွေရဲ့ထုံးစံအတိုင်း ဆေးရောင်းဝယ်တာ အစားအသောက်ခိုးယူတာတွေလုပ်ရင်းနဲ့ ရှင်သန်ရပ်တည်ခဲ့ပါတယ်။
အသက်ငယ်ငယ်အရွယ်သေချာမဆုံးဖြတ်တဲ့အရွယ်မှာ ခဏတာပျော်ရွှင်ခဲ့ပေ့မယ် နောက်ဆုံးမှာတော့ လူတွေရဲ့အကြောင်းကိုသိလာပြီး ဘဝရဲ့ကြမ်းတမ်းတဲ့ဒဏ်တွေကိုခံရပါတော့တယ်။
အယ်လီ လမ်းဘေးဘဝမှာဘယ်သူတွေသူ့အတွက်ကောင်းပြီး ဘယ်သူတွေကသူ့အတွက်ဒုက္ခဖြစ်စေလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ် (ရိုင်းစိုင်းတဲ့စကားအသုံးအနှုန်းတွေများစွာပါတဲ့အတွက်မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်တော်ပါဘူး)….. Crd: Channel Myanmar
Related