ဇာတ်ကားအကြောင်းလေးကတော့…..
ဖုန်လင်ဒေသမှာ ထူးဆန်းတဲ့ အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
အမှုရဲ့ထူးခြားချက်က လူသတ်သမားက ပရော်ဖက်ရှင်နယ်ကျကျ အရေပြားကိုခွာပြီး အလောင်းကို သပ်သပ်ရပ်ရပ်စွန့်ပစ်ခဲ့တာပါ။
ဒါ့အပြင် နောက်ထပ် ထူးခြားတာတစ်ခုက လူသတ်သမားက လူမဟုတ်ဘဲ အချစ်ကိုသင်ယူချင်တဲ့စက်ရုပ်မလေးဖြစ်နေတာပါပဲ။
ရဲတပ်ဖွဲ့က အဲလိုထူးခြားတဲ့လူသတ်သမားကို လိုက်လံရှာဖွေနေစဥ်တစ်ဖက်မှာလည်း စက်ရုပ်မလေးက အချစ်ကိုသင်ယူဖို့ထွက်လာခဲ့တဲ့အချိန်မှာ ဝမ်ရှန်း ဆိုတဲ့ကောင်လေး တစ်ယောက်နဲ့တွေ့ပြီး ဝမ်ရှန်းဆီကနေ အချစ်ကို သင်ယူချင်မိသွားပါတယ်။
ဒါကြောင့် ဝမ်ရှန်းရဲ့ကောင်မလေး(စုရှင်း)ကို ဖမ်းဆီးလိုက်ပြီး စုရှင်းဟန်ဆောင်ကာ သူ့အချစ်ကိုရဖို့ကြိုးစားတာပေါ့။
ရဲတပ်ဖွဲ့ကရော လူမဟုတ်တဲ့ ထူးခြားတဲ့ လူသတ်သမားကို ဖမ်းဆီးနိုင်မှာလား။ ဝမ်ရှန်းကရော စက်ရုပ်မလေးကို သူ့ချစ်သူ အယောင်ဆောင်ထားမှန်း သိသွားမှာလား။
စက်ရုပ်မလေးကရော အချစ်ကိုတကယ်နားလည်သွားမှာလား….ဆိုတာကို ဆက် ကြည့်ရမှာနော်…. Credit: Channel Myanmar
Related