Rating 5.2 ထိရထားတဲ့ American Dresser ပါ။ Adventure / Drama အမျိုးအစားပါ။
Sniper မင်းသားကြီး Tom Berenger က အဓိက ပါဝင်ထားပါတယ်။ ပြီးတော့ ဆာဂျင် မင်းသားကြီး Keith David က Tom ရဲ့ သူငယ်ချင်းအဖြစ် အားဖြည့်ပေးထားပါတယ်။
မိန်းမ လောလောလတ်လတ်သေထားတဲ့ မုဆိုးဖို ဂျွန်မော်ရိန်းက သူ့မှာ သားတစ်ယောက်ရှိကြောင်းကို သိရှိခဲ့ပါတယ်။
သားရှာပုံတော်အတွက် အနောက်ဘက်ကမ်းခြေကို သူငယ်ချင်း ချာလီ နဲ့ အတူတူ ဆိုင်ကယ်စီး ခရီးထွက် ခဲ့ပါတယ်။ လမ်းမှာ ဘယ်လို အခက်အခဲနဲ့ ကြုံမလဲ ဘယ်လို လူတွေနဲ့ တွေ့မလဲဆိုတာ စိတ်ဝင်တစားကြည့်ရမယ့် ကားလေးပါ။
နည်းနည်းတော့ ရိုးစင်းပေမယ့် တင်ပြထားတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ ဇာတ်လမ်း လေးပါ။ Rider တွေ အကြိုက်တွေ့မယ့် ကားလေးလဲဖြစ်ပါတယ်….. Crd: Channel Myanmar
Related