Happy Movies
  • Home
  • ရုပ်ရှင်များရှာဖွေရန်
  • Action
  • Adventure
  • AMERICA
  • Animation
  • Anime
  • ASIA
  • Biography
  • Bollywood
  • China
  • Comedy
  • Crime
  • Documentary
  • Drama
  • Family
  • History
  • Horror
  • Korean
  • K-Series
  • Marvel Universe
  • Movie
  • Music
  • Myanmar
  • Mystery
  • News
  • Romance
  • Sci-Fi
  • Sports
  • Thriller
  • war
No Result
View All Result
  • Home
  • ရုပ်ရှင်များရှာဖွေရန်
  • Action
  • Adventure
  • AMERICA
  • Animation
  • Anime
  • ASIA
  • Biography
  • Bollywood
  • China
  • Comedy
  • Crime
  • Documentary
  • Drama
  • Family
  • History
  • Horror
  • Korean
  • K-Series
  • Marvel Universe
  • Movie
  • Music
  • Myanmar
  • Mystery
  • News
  • Romance
  • Sci-Fi
  • Sports
  • Thriller
  • war
No Result
View All Result
Happy Movies
No Result
View All Result
Home Action

American Sniper (2014)

2.514 Views
4 months ago
394 8
0
Share
Facebook Twitter Google+

    ဒေါင်းလော့လုပ်ရန်

    #‎ရုပ်ရှင်မိတ်ဆက်‬

    ဒီကားက အများထင်ထားသလို Lone Survivor လို၊ Saving Private Ryan လို စစ်ကားကောင်း တစ်ကား မဟုတ်ပါဘူး။ ဒီလို ပြောလို့ ကျွန်တော် မကြိုက်ဘူး၊ ဒီကားက မကောင်းဘူး လို့ မဆိုလိုပါဘူး။ ပြောချင်တာက ဒီကားမှာ အထက်က ကားနှစ်ကားလို စစ်တိုက်တာက အဓိ ဇာတ်အိမ်မဟုတ်သလို၊ စစ်ပွဲကိုလည်း Saving Private Ryan လိုမျိုး ကြည့်ကောင်းအောင် ရိုက်ထားတာမျိုးမဟုတ်ပါဘူး။ Saving Private Ryan ကို ကြည့်ပြီးရင် ပရိတ်သတ်တွေ ကိုယ်တိုင်တောင် စစ်ထဲပါချင်စိတ် ဖြစ်လာပေမယ့် ဒီကားကတော့ စစ်တစ်ခုဖြစ်တာကနေ စစ်သားတွေ၊ သူတို့ရဲ့ မိသားစုတွေ အပေါ် သက်ရောက်မှု ဘယ်လိုရှိတယ်ဆိုတာ ကို အဓိကပြထားတာဖြစ်လို့ ဒီကားကြည့်ပြီး စစ်ပွဲတွေကို ရွံသွားမှာအမှန်ပါပဲ။ စစ်ရဲ့ အနှစ်သာရကို တကယ် ပီပီပြင်ပြင် တင်ဆပြထားနိုင်သလို၊ တကယ့် စစ်မြေပြင်ထဲ ရောက်နေသလို ခံစားရအောင် ကြိုးစားရိုက်ကူးထားပါတယ်။ လက်နက်တွေ ကားတွေကအစ၊ အပြင်မှာနဲ့တူအောင် လုပ်ထားတာကိုလည်း တွေ့ရမှာပါ။ မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ်ရိုက်ကူးပြီး၊ Bradly Cooper က အဓိကသရုပ်ဆောင်အဖြစ်ပီပြင်ထားပါတယ်။

    ဇာတ်လမ်းကတော့ အမေရိကန် စစ်တပ်ရဲ့ The Most Lethal Sniper လို့ ခေါ်ဆိုကြတဲ့ Chris Kyle ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်း က အထွေအထူးတင်ဆက်နေ စရာမရှိပဲ၊ ဇာတ်လမ်းကိုဘယ်လို တင်ဆက်တယ် ဆိုတာကိုသာ ပြောပြချင်ပါတယ်။ သူက စစ်ထဲကိုဝင်တာ တိုင်းပြည်ကို ချစ်လို့ ကာကွယ်ချင်လို့ဝင်တာဖြစ်ပြီး ၁၉၉၇ ထဲက စစ်ထဲစဝင်သလို၊ ကလေးဘဝကတည်းကလည်း သေနတ်ပစ်ကျွမ်းကျင်သူဖြစ်ပါတယ်။ စစ်ထဲမှာလည်း သာမန် Marine မဟုတ်ပဲ၊ Navy Seal တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ လေ့ကျင့်ထားသူဖြစ်ပါတယ်။

    ဒီလို Navy Seal မှာ တာဝန်ထမ်းဆောင်ရင်းနဲ့ပဲ သူ့မိန်းမနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ၁၉၉၉ စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်မှုအပြီးမှာ အမေရိကန်က အီရတ်ကို စစ်တိုက်တော့ သူစတင် ပြီး စစ်မှုထမ်းခဲ့ပါတယ်။

    ဒီလူက အီရတ်ကို ၄ ကြိမ်ပြန်သွားခဲ့ပြီး၊ ရက်ပေါင်း ၁ထောင်ကျော် စစ်မှုထမ်းကာ ရန်သူ ၁၆၀ သတ်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ လူ ၁၆၀ ဆိုတာ တကယ့်အပြင်လောကမှာ တော်တော် များတဲ့အရေအတွက် ဖြစ်သလို အမေရိကန် စစ်တပ်ထဲမှာ အများဆုံး ဖြစ်ပါတယ်။ ဒီလိုနဲ့ Kyle က စစ်တပ်ထဲမှာ လူသိများလာသလို သူရှိနေတယ်ဆိုရင် Marine တွေက ပိုလုံခြုံတယ်လို့ခံစားရတယ် လို့ ဆိုကြတဲ့အထိ ကို နာမည်ကြီးလာပါတယ်။

    ဒါ့အပြင် တစ်ဖက် က အီရတ် ကတောင် သူ့ကို ဆုကြေးငွေထုတ် ဒေါ်လာ ၈၀၀၀၀ ထုတ်ပြီး သတ်ခိုင်းတဲ့အထိ နာမည်ကြီးသူဖြစ်ပါတယ်။ Kyle က သူ့ဘဝမှာ သူလူ၁၆၀ ကျော်သတ်ခဲ့တာ နောင်တမရပဲ သူ့ရဲ့စစ်သားတွေကို မကယ်နိုင်ခဲ့တာပိုနောင်တ ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူစစ်ထဲမှာရှိနေရင် သူ့စစ်သားတွေကို ပိုကယ်နိုင်မယ်ဆိုပြီး စစ်ထဲကို ၄ ကြိမ် တိုင်တိုင် ပြန်သွားခဲ့ပါတယ်။ မိန်းမဖြစ်သူက မသွားဖို့တားတဲ့ကြားက ရအောင်သွားခဲ့သူဖြစ်ပါတယ်။

    ဒီလို စစ်ထဲပြန်သွားရတဲ့နောက်တစ်ချက် ကပထမဆုံး အကြိမ်မှာထဲက ရန်သူ Sniper တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီ Sniper က Olympic Champion, ဆီးရီးယားလူမျိုးဖြစ်ပါတယ်။ ဒီ Sniper က သူ့လူတွေတစ်ယောက်ပြီး တစ်ယောက် သတ်နေပေမယ့် သူ ဒီကောင့်ကို မသတ်နိုင်တာကြောင့်လည်း ပြန်ပြန်သွားနေတာဖြစ်ပါတယ်။

    ဒီကားက အီရတ်နဲ့ အမေရိကား၊ စစ်ပွဲ နဲ့ အိမ် (မိသားစု) ကို ယှဉ်တွဲပြထားလို့ စစ်သားတွေ အိမ်ပြန်လာတဲ့အခါ သူတို့စိတ်မှာ ဘယ်လို ဖြစ်နေလည်း၊ သူတို့ ဟိုမှာ ဘယ်လိုနေပြီး ဘာတွေကြုံခဲ့ရတယ်ဆိုတာ ပိုပြီး ပီပြင်နေပါတယ်။ ဒါ့အပြင် အပြင်က တကယ့်အဖြစ်မှန်ကို ရိုက်ကူးထားတာပေမယ့်လည်း၊ ဇာတ်လမ်းအဆုံးက ကြည့်ရသူတွေကို ခံစားမှုတစ်ခုခုဖြစ်စေမှာပါ။ အပြင်က ဇာတ်လမ်းကိုမသိတဲ့သူတွေ အတွက်က ဇာတ်သိမ်းကတော်တော်ကို အံ့အားသင့် ကျန်ခဲ့စေမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာလည်း တကယ့်ကို စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းတွေပါပြီး၊ ဇာတ်လမ်းအစမှာထဲက တော်တော် ကောင်းတဲ့ ဇာတ်ဝင်ခန်းနဲ့အစပြုထားတာပါ။

    ဇာတ်လမ်းကောင်းတစ်ကားဖြစ်ပြီး၊ စစ်ရဲ့ ဆိုးကျိုးနဲ့ သက်ရောက်မှုကိုလည်း သေချာတွေ့ရသလို၊ စစ်မြေပြင်ရောက်သွားသလို ခံစားရတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ Bradly Cooper ရဲ့ အကယ်ဒမီနဲ့ ထိုက်တန်တဲ့ သရုပ်ဆောင်မှုဖြစ်ပြီး သူက ဒီကားအတွက် ဝိတ်တက်အောင် လုပ်ထားတာကိုလည်း တွေ့နိုင်ပါတယ်။ ဇာတ်ကားကောင်းတစ်ကားပါ။ No Sex, No Nudity ဖြစ်ပေမယ့် စစ်ပွဲ တွေကို တကယ့် အပြင်မှာနဲ့ အတတ်နိုင်ဆုံးတူအောင်ရိုက်ကူးထားလို့ ကလေးတွေ မကြည့်သင့်ပါဘူး။ မိသားစုတူတူကြည့်နိုင်ပါတယ်။
    ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး အရွယ်ရောက်ပြီးသူတွေ ကြည့်သင့်တဲ့ဇာတ်ကားပါ။

    ‪#‎Sololay‬

    (ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက်-Movie Review မှကူးယူဖော်ပြပါသည်။)

    American Sniper မှာ အကောင်းဆုံး ဇာတ်ကားဆု နှင့်
    Bradley Cooper အတွက် အကောင်းဆုံး သရုပ်ဆောင်ဆု တို့အပါအဝင်

    အော်စကာ ဆုပေးကဏ္ဍ ခြောက်ခု၌ ဆန်ခါတင် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။


    File size…797 MB

    Quality….DVDscr Rip
    Format…mp4
    Duration….02:13:35
    Subtitle….Myanmar Subtitle(Hardsub)
    Encoder….Nyeinsaeya Aung

    Related

    Category: Action Biography Drama
    ADVERTISEMENT
    Previous Post

    Allied (2016)

    Next Post

    Anegan (2015)

    Related Posts

    New Gods: Nezha Reborn (2021)
    Action

    New Gods: Nezha Reborn (2021)

    April 14, 2021
    Godzilla vs. Kong (2021)
    Action

    Godzilla vs. Kong (2021)

    April 2, 2021
    Fake Bodyguard ( 2021 )
    Action

    Fake Bodyguard ( 2021 )

    April 2, 2021
    Public Enemies
    Biography

    Public Enemies

    March 29, 2021
    Pitch Black: Riddick (2000)
    Action

    Pitch Black: Riddick (2000)

    March 29, 2021
    Pirates of the Caribbean: Dead Men Tell No Tales (2017)
    Action

    Pirates of the Caribbean: Dead Men Tell No Tales (2017)

    March 29, 2021
    Load More
    Next Post
    Anegan (2015)

    Anegan (2015)

    Leave a Reply Cancel reply

    Your email address will not be published. Required fields are marked *

    Tags

    china Thriller
    • About

    © 2020 Happybox Movies

    No Result
    View All Result
    • Home
    • ရုပ်ရှင်များရှာဖွေရန်
    • Action
    • Adventure
    • AMERICA
    • Animation
    • Anime
    • ASIA
    • Biography
    • Bollywood
    • China
    • Comedy
    • Crime
    • Documentary
    • Drama
    • Family
    • History
    • Horror
    • Korean
    • K-Series
    • Marvel Universe
    • Movie
    • Music
    • Myanmar
    • Mystery
    • News
    • Romance
    • Sci-Fi
    • Sports
    • Thriller
    • war

    © 2020 Happybox Movies

    Welcome Back!

    Login to your account below

    Forgotten Password?

    Retrieve your password

    Please enter your username or email address to reset your password.

    Log In

    Add New Playlist