ဒီတစ်ခေါက်တော့ မင်းသားချောလေး Brenton Thwaites ရဲ့ဇာတ်လမ်းကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးနာမည်က An Interview with God (2018)ပါ။ ဘာသာရေးဆိုင်ရာကားကောင်းလေးတစ်ကားဖြစ်ပြီး ဘုရားသခင်နဲ့ အပြန်အလှန် အင်တာဗျူးလုပ်နေသလို ဇာတ်အိမ်တည်ထားပါတယ်။
ဇာတ်လမ်းလေးအကျဉ်းကတော့အာဖဂန်နစ္စတန်စစ်မြေပြင်မှာ သတင်းသွားယူနေတဲ့ သတင်းတပ်သားလေး ပေါလ်အာရှာ…ဘာသာတရားလိုက်စားသူဖြစ်ပေမယ့် စစ်မြေပြင်ရဲ့ကြမ်းတမ်းတဲ့အတွေ့အကြုံတွေကနေဘုရားသခင်အပေါ်ယုံမှားသံသယဝင်လာပါတော့တယ်။
စစ်မြေပြင်ကနေ အိမ်ပြန်ရောက်ချိန်မှာလဲ အိမ်ထောင်ရေးကအဆင်မပြေဖြစ်နေချိန်မှာ သူ့ဆီကို အင်တာဗျူးတစ်ခုလုပ်ဖို့ကမ်းလှမ်းလာပါတော့တယ်။ အဲဒီအင်တာဗျူးမှာ ဘုရားသခင်နဲ့မေးခွန်းထုတ်ကြမှာပါ။
လူသားတိုင်းသိချင်နေတဲ့မေးခွန်းတွေကိုပေါလ်တစ်ယောက်မေးပေမယ့် ဘုရားသခင်ကတော့ပေါလ်ရဲ့ဘဝကိုပဲအခြေခံကာမေးခွန်းတွေကိုပညာသားပါပါ ဖြေဆိုပုံတွေကို ဒီကားလေးထဲမှာတွေ့မြင်ရမှာပါ။
Imdb 5.4/10 ရရှိထားတဲ့ ဒီကားလေးနာမည်ကတော့An Interview with God (2018) ပါ။ ရှားရှားပါးပါးဘာသာရေးကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်…….Crd: Channel Myanmar
Related