ဒီဇာတ်ကားလေးကတော့မိသားစုဒရမ်မာလျှို့ဝှက်ဆန်းကြယ်တဲ့ဇာတ်ကားကောင်းလေးပါ။
လစ်ဇီဆိုတဲ့အမျိုးသမီးဟာယောကျ်ားနဲ့ကွာရှင်းထားပြီး သောမက်စ်ဆိုတဲ့သားလေးတစ်ယောက်ခဲ့ရှိတယ်။
တကယ်တော့သူတို့မိသားစုလေးမှာသမီးလေးတစ်ယောက်ရှိခဲ့တာပေါ့။
ဒါပေမယ့်စိတ်မကောင်းစရာအဖြစ်ကတော့မွေးပြီးမကြာခင်မှာမတော်တဆမှုဖြစ်ပြီးသေဆုံးသွားခဲ့ပါတယ်။
သူမဟာသမီးလေးဆုံးရှုံးခဲ့တဲ့အတွက်စိတ်ဝေဒနာခံစားရပြီးတော့ ဆေးကုသမှုခံယူနေခဲ့တာပေါ့။
တနေ့တော့ သောမက်စ်သူငယ်ချင်းမွေးနေ့ပွဲမှာလိုလာလို့ခေါ်တဲ့ကလေးမလေးတစ်ယောက်နဲ့တွေ့ဆုံမိပြီးသူမရဲ့စိတ်တွေလှုပ်ရှားခဲ့တယ်။
လိုလာလေးဟာသောမက်စ်သူငယ်ချင်းရဲ့ညီမလေးဖြစ်နေခဲ့တယ်။
လိုလာတို့မိသားစုနောက်ကိုတိတ်တဆိတ်လိုက်ကြည့်ရင်းသူမတို့အိမ်ဟာရောင်းဖို့လုပ်နေတော့လစ်ဇီအတွက်အခွင့်အရေးတခုဖြစ်ခဲ့တာပေါ့။
ဒီလိုနဲ့ လိုလာတို့မိသားစုကိုချင်းကပ်ခဲ့တာပေါ့။
သောမက်စ်သူငယ်ချင်းရဲ့မိသားစုလည်းဖြစ်တော့ပိုပြီးလွယ်ကူသွားတာတော့နောက်ပိုင်းမှာလစ်ဇီဟာသူမတို့မိသားစုနဲ့မိတ်ဆွေလိုဖြစ်ခဲ့ပြီးသူမနောက်ကိုမသိမသာလိုက်စောင့်ကြည့်ခဲ့တာပေါ့။
သူ့သမီးလေးလို့ထင်ပြီးတော့လေဒါကိုလိုလာအမေကလယ်ရာကရိပ်မိလာခဲ့တယ်။
ဒါနဲ့ပဲ လစ်ဇီနဲ့ကလယ်ရာတို့နှစ်ယောက်သမီးလေးကိစ္စနဲ့စကားများခဲ့ကြတာပေါ့။
လစ်ဇီဟာမတော်တဆမှုမှာသူ့သမီးလေးမသေခဲ့ဘူး အသက်ရှင်ခဲ့တယ်လို့ကိုယုံကြည်နေတာပေါ့။
ဒီကိစ္စတွေနဲ့ပဲသူမရဲ့မိသားစုနဲ့ပါစကားများခဲ့တာပေါ့။
တကယ်ပဲလိုလာလေးဟာ လစ်ဇီထင်တဲ့အတိုင်းမသေခဲ့ဘဲအသက်ရှင်နေခဲ့တဲ့သမီးလေးဖြစ်နေမလားကလယ်ရာရဲ့သမီးလေးပဲဖြစ်နေမလားဆိုတာကိုတော့လျှို့ဝှက်ဆန်းကြယ်စွာကြည့်ရှု့ရမှာပါ…..Crd: Channel Myanmar
Related