Start-Up ဆိုတဲ့ စကားလေးက ယနေ့ခေတ် လူငယ်တွေကြားမှာ ရေပန်းစားလာပါတယ်…
လူငယ်တော်တော်များများက သူတို့က အလုပ်တွေကနေ ထွက်ပြီး ကိုယ်ပိုင် လုပ်ငန်းတွေ start-up လုပ်ကြပါတယ် ။
အဲ့ထဲမှာ ၉၀ ရာခိုင်နှုန်းက ကျရှုံးပြီး ၈ ရာခိုင်နှုန်းက ခက်ခက်ခဲခဲ ရုန်းကန်ရပါတယ်။ ၂ ရာခိုင်းနှုန်းလောက်ကသာ အောင်မြင်ကြတာပါ။
လူငယ်အချို့ဟာ အောင်မြင်မယ့် ၂ ရာခိုင်နှုန်းထဲမှာ သူတို့တွေပါမယ်လို့ အတိကျ မပြောနိုင်ပေမယ့်လည်း ဒီလိုစွန့်စားမှုမျိုးတွေကို လုပ်ကြပါတယ်…
ဒီတစ်ခါတော့ အဲ့လိုစွန့်စားပြီး start-up လုပ်ကြတဲ့ လူငယ်တွေအကြောင်းကိုရိုက်ကူးထားတဲ့ Movie လေးတစ်ခုကို ပရိတ်သတ် တွေအတွက်တင်ဆက်ပေးလိုက်ပါတယ် ။
ဇာတ်လမ်းအကျဉ်းကတော့ Bom ဟာ သူငယ်ချင်းတွေနဲ့ အတူ start-up ပြိုင်ပွဲတွေကို ဝင်ပြိုင်လေ့ရှိပါတယ်။
ပြိုင်ပွဲမှာ အခြားအဖွဲ့က အနိုင်ရသွားပြီး သူတို့ရဲ့ App ကို ရွေးချယ်မခံခဲ့ရတာကြောင့် စိတ်ညစ်နေခဲ့ပါတယ်။
June ဆိုတဲ့ ကောင်မလေးကလည်း Bom လိုပဲ ပြိုင်ပွဲဝင် တစ်ယောက်ပါပဲ။ သူမအဖွဲ့ရဲ့ App ကလည်း ရွေးချယ် မခံခဲ့ရပါဘူး ။
ပြိုင်ပွဲတွေမှာ သူတို့ ၂ယောက်က ခဏခဏ ဆုံဖူးတာကြောင့် အချင်းချင်းမှတ်မိနေကြပါတယ်။ ပြိုင်ပွဲအပြီး သူတို့ကြိုက်တဲ့ အိန္ဒိယစားသောက်ဆိုင်တစ်ခုမှာ ထပ်ဆုံတော့ အတူထိုင်ရင်း စကားတွေဖောင်ဖွဲ့ခဲ့ကြပါတယ်။
အဲ့ကအပြန်မှာပဲ ၂ ယောက်လုံးက နောက်ထပ် APP အသစ်တစ်ခုထွင်ဖို့ အကြံဉာဏ်ရသွားခဲ့ကြတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ ၂ ယောက်ရဲ့ အတွေးတွေက သွားတူနေတဲ့အခါ ဆင်တူရိုးမှား APP လေး ၂ ခုက အချိန်သိပ်မခြားပဲ APP STORE မှာ ရောက်ရှိသွားခဲ့ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် copy ကူးတယ်လို့ အထင်လွဲမှားမှုတွေနဲ့ သူတို့ ဘယ်လိုတွေ အငြင်းပွားကြမလဲ ?
App အတွက် ထောက်ပံ့ငွေရဖို့ အချင်းချင်း ဘယ်လိုတွေ ယဉ်ပြိုင်တိုက်ခိုက်မလဲ ?
နောက်ဆုံးမှာကော ဘယ်သူက အနိုင်ရမှာလဲ ?
အဲ့လိုတိုက်ခိုက်နေရင်းကပဲ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိသွားတဲ့အခါမှာ ဘာဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ပါနော်…. Crd: Channel Myanmar
Related