သေပြီးတဲ့နောက်မှာ ဘဝကြီးက ချက်ချင်းပြီးသွားတာ မဟုတ်ဘူးဆို ဘယ်လိုလုပ်မလဲ။
ကိုယ့်ရဲ့ အသိစိတ်ကို ခဏသိမ်းထားလို့ရပြီး နောက်မှာ ကျန်ခဲ့မယ့်လူတွေကို နှုတ်ဆက် စကားပြောခွင့်ရမယ်ဆိုရင်ရော။
Artificial intelligence(ညဏ်ရည်တု)နည်းပညာနဲ့ ပက်သက်တဲ့ နယ်ပယ်မှာ ပညာရှင်တိုင်းဖြေဖို့ ကြိုးစားနေတဲ့ မေးခွန်းတစ်ခုရှိတယ်။
“အသိ စိတ်ကို ဖန်တီးလို့ရလား”ဆိုတဲ့မေးခွန်းပါ။
ဒီဇာတ်ကားထဲမှာတော့ ဒီမေးခွန်းကိုရိုးရိုးလေး ဖြေပြသွားတာကိုတွေ့ရမှာပါ။ 1238ခုနှစ်မှာ စက်ရုပ်ပညာရှင်တစ်ယောက်က ဂျပန်နိုင်ငံရဲ့ နှင်းတောထဲက အလုပ်ရုံတစ်ခုမှာ လူလိုအသိညဏ်ရှိတဲ့စက်ရုပ်တွေကို ကြိုးစားပြီးဖန်တီးနေတယ်။
သူ့ရဲ့အသိစိတ်ရှာပုံတော်က တော်တော်တောင်ခရီးရောက်နေပြီပြောရမယ်။
လိုအပ်နေတာလေးတွေတော့ရှိသေးတာပေါ့။ ဒါပေမယ့် သူကတိကျတဲ့ရည်ရွယ်ချက်တစ်ခုအတွက် လူသားတစ်ယောက်နဲ့ထပ်တူကျတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။
တိတိကျကျပြောရရင် သေသွားတဲ့သူ့မိန်းမနဲ့တူတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။ တဖြည်းဖြည်းနဲ့ သူ့ရဲ့အလုပ်က အန္တရာယ်များလာပြီး စွန့်စားရမှာတွေရှိလာတယ်။
သူအောင်မြင်ပါ့မလား။ ဘယ်လိုပြဿနာတွေကို ကြုံရဦးမလဲဆိုတာ သိချင်ရင်တော့ ဇာတ်ကားလေးကို ကြည့်လိုက်ပါ။
ဇာတ်ကားက IMDB Rating 6.3/10 ရရှိထားပြီး sci-fi ဇာတ်ကားတစ်ကားအနေနဲ့ဆို မဆိုးဘူးလို့ပြောရမှာပါ။
ခပ်အေးအေးဇာတ်လမ်းနဲ့ မထင်မှတ်ထားတဲ့ အဆုံးသတ်နဲ့ ပရိတ်သတ်ကို ဪဒီလိုလားဆိုပြီး ဖြစ်သွားစေပါလိမ့်မယ်။
ဉာဏ်ရည်တုနည်းပညာနဲ့ပတ်သက်ပြီး ဉာဏ်ရည်တုနဲ့ လူသားတွေရဲ့ကြားထဲမှာရှိလာနိုင်တဲ့ သံယောဇဉ်တွေကိုပါ ချပြထားပါတယ်။
စိတ်ကူးယဉ် သိပ္ပံဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါ…..Credit: Channel Myanmar
Related