
James Bond ဇာတ်ကားတွေ ထွက်ရှိခဲ့တာ မင်းသားကြီး ရှောင်ကွန်နရီရဲ့ Dr.No (1962) ကနေ အခုနောက်ဆုံးထွက် Spectre (2015) ထိ (၂၄) ကားရှိပါတယ်။
၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Skyfall ဟာ ၂၃ ကားမြောက်ဇာတ်ကားသလို James Bond ရုပ်ရှင် နှစ်ငါးဆယ်ပြည့်အနေနဲ့ ထွက်ရှိခဲ့တာ ဖြစ်ပြီး ကမ္ဘာတစ်၀န်းမှာ ၁.၁ ဘီလီယမ် ဒေါ်လာရရှိခဲ့တဲ့အတွက် အအောင်မြင်ဆုံး James Bondရုပ်ရှင်ပါ။ အဲဒီရုပ်ရှင်ဟာ ဒီနေ့အချိန်အထိ ကမ္ဘာတစ်၀န်းမှာ ရောင်းအကောင်းဆုံး ရုပ်ရှင်တွေထဲမှာ နံပါတ်ကိုးနေရာက ရပ်တည်နေပါတယ်။
IMDb Rating(7.8/10) နဲ့ Rotten Tomatoes (93%) ထိရရှိထားပါတယ်…
Daniel Craig ရဲ့ James Bond ဟာ ယခင်က Bond တွေလို အပြင်ကလူကို သွားတိုက်ခိုက်ရတာထက် အတွင်းကရန်သူ..အနီးကပ်ရန်သူ ..နောက်ကျောကရန်သူတွေကို ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်ရတဲ့ ပိုနက်နဲရှုပ်ထွေးလာတဲ့ Bond ဇာတ်ကောင်ဖြစ်ပါတယ်…
ဒါကြောင့်လဲ တချို့က မကြိုက်တာရှိသလို တချို့ကတော့ ပိုကြိုက်ကြတာ ရှိပါတယ်…လက်တွေ့နဲ့နီးစပ်တယ်ခံစားရတာမျိုးပေါ့…
နှမြောစရာကောင်းတာက အရင်ခေတ်က လူဆိုးတွေရော James Bond ရောက တစ်ဦီးကိုတစ်ဦး Respect ထားပြီး အေးအေးဆေးဆေးတိုက်ခိုက်ကြပေမယ့် Daniel Craig ရဲ့ 007 ကားတွေမှာတော့ ဒီလိုကိစ္စတွေသိပ်မတွေ့ရပါဘူး…ဝုန်းဒိုင်းဆိုပြီး ကိုင်လိုက်တာများပါတယ်…
အရင်ဇာတ်ကားတွေက လူဆိုးတွေဆို Bond ကိုမိရင် တန်းမသတ်ဘဲ တလေးတစား လက်စဖျောက်ကြတာပါ…
အခု Bond နဲ့သူ့ရန်သူတွေကတော့ အသေအကြေတိုက်ခိုက်ကြပြီး စတိုင်ကျကျနေနိုင်တဲ့အချိန်သိပ်မတွေ့ရပါဘူး…
ဘာပဲဖြစ်ဖြစ် Daniel Craig ရဲ့ James Bond ကားတွေဟာလဲ နက်နဲတဲ့ရသ….ပီပြင်တဲ့ Action တွေနဲ့ အရင်ဘွန်းတွေနဲ့မတူတဲ့ပုံစံနဲ့ အထာကျနေဆဲပါပဲ…။