Happy Movies
  • Home
  • ရုပ်ရှင်များရှာဖွေရန်
  • Action
  • Adventure
  • AMERICA
  • Animation
  • Anime
  • ASIA
  • Biography
  • Bollywood
  • China
  • Comedy
  • Crime
  • Documentary
  • Drama
  • Family
  • History
  • Horror
  • Korean
  • K-Series
  • Marvel Universe
  • Movie
  • Music
  • Myanmar
  • Mystery
  • News
  • Romance
  • Sci-Fi
  • Sports
  • Thriller
  • war
No Result
View All Result
  • Home
  • ရုပ်ရှင်များရှာဖွေရန်
  • Action
  • Adventure
  • AMERICA
  • Animation
  • Anime
  • ASIA
  • Biography
  • Bollywood
  • China
  • Comedy
  • Crime
  • Documentary
  • Drama
  • Family
  • History
  • Horror
  • Korean
  • K-Series
  • Marvel Universe
  • Movie
  • Music
  • Myanmar
  • Mystery
  • News
  • Romance
  • Sci-Fi
  • Sports
  • Thriller
  • war
No Result
View All Result
Happy Movies
No Result
View All Result
Jason Bourne (2016)

You Only Live Twice

Jiu Jitsu 2020

Home Action

Jason Bourne (2016)

May 16, 2021
in Action, Thriller
0
845
SHARES
3.8k
VIEWS
Share on FacebookShare on Twitter
video
play-rounded-fill

ကျွန်တော်လို့Jason Bourne အမာခံပရိသတ်တိုင်း ယခု Jason Bourne (2016) ဇာတ်ကားကို သွားကြည့်ကြတဲ့ ရည်ရွယ်ချက်တစ်ခုကတော့ Jason Bourne ဒီလောကကြီးထဲကို ဘာကြောင့်ပြန်ဝင်လာတာလဲဆိုတဲ့ အကြောင်းပြချက်ကို သိချင်လို့ပဲ။ ဒါပေမဲ့ ဇာတ်လမ်းပြီးဆုံးသွားတဲ့အခါမှာတော့ ထိုအကြောင်းပြချက်ကို ခိုင်မာစွာ မတွေ့ခဲ့ရဘူး။ အတိတ်က မိသားစုဝင်တစ်ယောက်ကို ဇာတ်လမ်းရဲ့ရည်ရွယ်ချက်တစ်ခုအဖြစ် ထည့်ထားလိုက်ပြီး ဇာတ်ကားကို အလွယ်တကူ ဖန်တီးလိုက်တယ်လို့ပဲ ခံစားလိုက်ရတယ်။

——————————————————————————————-

အမှန်တော့ Jason Bourne သည် ပြီးဆုံးခဲ့ပြီ။ သူ့ရဲ့နိဂုံးသည် 2007 လောက်က New York မြိ ု့ရဲ့East River ထဲကနေ လွတ်မြောက်သွားခြင်းကနေ အဆုံးသတ်ခဲ့ပြီလေ။ ဒါဆို အခုမှ ဘာကြောင့်ပြန်လာရသလဲ။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်မပြောလိုတော့ဘူး။ ဒါပေမဲ့ သေချာတာက သူ CIA ထဲမဝင်ခင်က အကြောင်းအရာတွေနဲ့CIA ကို ဝင်ရောက်ခါစက အဖြစ်အပျက်တွေကို စက်ဝိုင်းတစ်ပတ်ပြည့်အောင် ဇာတ်လမ်းကို ပိတ်ပစ်ခဲ့ကြတယ်။

ယခုဇာတ်ကားမှာလည်း ထိုကဲ့သို့Iconic ခန်းတွေမပါဘူးလားဆိုတော့ ပါတာပေါ့။ ပထမဆုံး action ခန်းဖြစ်တဲ့ Greece နိုင်ငံက ဆန္ဒပြပွဲညက ဒေါသထွက်နေတဲ့လူအုပ်ကြီးတွေနဲ့မဲမဲမြင်သမျှလိုက်ဖမ်းဆီးနေတဲ့ ရဲသားတွေရဲ့ကြားထဲကို ရောက်သွားတဲ့ Jason Bourne နဲ့Nicky Parsons တို့အပြင် သူတို့နှစ်ယောက်ကို သတ်ဖြတ်ဖို့လိုက်နေတဲ့ Asset ရဲ့ရန်က ပြေးရတဲ့ ဇာတ်ဝင်ခန်းဟာ အသက်ရှုမှားလောက်ပါပေတယ်။ ဒါတင်ပဲလား။ ဘယ်ကမလဲ။ နောက်ဆုံး Las Vegas ရဲ့ညက လမ်းမတွေပေါ်က Car Chasing ခန်းဟာ ဒီနှစ်အတွက် အကောင်းဆုံး Action ခန်း ဆိုတဲ့ ဆု ရဖို့တောင် ထိုက်တန်လွန်းတယ်။ ထိုဇာတ်ဝင်ခန်းလေးကိုပဲ ရိုက်ကူးဖို့မိုင်တစ်ဝက်ခန့်ကို ပိတ်ခဲ့ရတယ်။ သေသေချာချာ စဉ်းစား ဆုံးဖြတ် plan ချပြီး အသေးစိပ်ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါ။ ထိုအခန်းလေးတစ်ခန်းကို ရိုက်ကူးဖို့ပဲ ပြင်ဆင်ခဲ့ရတဲ့ အချိန်က 7 လ ကြာပြီး၊ တစ်ကယ် ရိုက်ကူးခဲ့ချိန်ကတော့ 17 ည တိတိပါ။ သူတို့ရိုက်ကူးနေတဲ့အချိန်တိုင်း လမ်းမတွေပေါ်မှာ အမှန်တစ်ကယ် ရှိနေခဲ့တဲ့ ကားအရေအတွက်ဟာ ပျမ်းမျှအားဖြင့် 300 ကျော်ခန့်ရှိပြီး သူတို့ရိုက်ကွင်းမှာ အမှန်တစ်ကယ် ဖျက်ဆီးခဲ့ကြတဲ့ ကားအရေအတွက်ကတော့ 60 ဖြစ်ပြီး (ဒါတောင် Rehearsals လုပ်ခဲ့တုန်းက ဖျက်ဆီးခဲ့တဲ့ ကားအရေအတွက်မပါပါ။) Stunt drivers ပေါင်း 45 ယောက်တိတိ နဲ့သရုပ်ဆောင်ပေါင်း အယောက် 250 ကို အသုံးပြုခဲ့ကြပါတယ်။ ဒါဟာ ဇာတ်ဝင်ခန်းလေး တစ်ခန်းအတွက် အသုံးပြုခဲ့ကြတဲ့ ဒီဇာတ်ကားရဲ့အလေးထားမှု သက်သက်ပဲ။အကောင်းဆုံး Action ဇာတ်ကားဆိုတာ ကျွန်တော် ရဲရဲကြီးပြောရဲပါတယ်လို့ပဲ။

Jason Bourne (2016)

Related

ADVERTISEMENT

Related Posts

Carter (2022)

Carter (2022)

August 5, 2022
The Killer: A Girl Who Deserves to Die 2022

The Killer: A Girl Who Deserves to Die 2022

August 3, 2022
World Ends at Camp Z (2021)

World Ends at Camp Z (2021)

July 30, 2022
True Memoirs of an International Assassin (2016)

True Memoirs of an International Assassin (2016)

July 28, 2022
Burn Out (2017)

Burn Out (2017)

July 26, 2022
Z-O-M-B-I-E-S 3 (2022)

Z-O-M-B-I-E-S 3 (2022)

July 18, 2022

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • About

© 2020 Happybox Movies

No Result
View All Result
  • Home
  • ရုပ်ရှင်များရှာဖွေရန်
  • Action
  • Adventure
  • AMERICA
  • Animation
  • Anime
  • ASIA
  • Biography
  • Bollywood
  • China
  • Comedy
  • Crime
  • Documentary
  • Drama
  • Family
  • History
  • Horror
  • Korean
  • K-Series
  • Marvel Universe
  • Movie
  • Music
  • Myanmar
  • Mystery
  • News
  • Romance
  • Sci-Fi
  • Sports
  • Thriller
  • war

© 2020 Happybox Movies

Welcome Back!

Login to your account below

Forgotten Password? Sign Up

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist