
IMDb (7.1/10)….Rotten Tomatoes(75%)မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။Koi….Mil Gaya (2003)အဓိပ္ပါယ် ကတော့ I…found someone ဖြစ်ပါတယ်။ဒီဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဉာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့
ကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ
ကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့
ကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး အရင်ပုံ စံနဲ့ ဆန့်ကျင်ဖက် လုံးလုံး ဖြစ်သွားပုံ တွေ
ကိုတွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းကျောရိုး ဟာ 1982 က Hollywood နာမည်ကျော်ဇာတ်ကား E.T , the Extra-Terrestrial ရဲ့ လွှမ်းမိုး
မှုတွေ အများကြီး ရှိတယ် လို့ ဝေဖန်ခြင်းတွေ ခံခဲ့ရပေမယ့် လူစွမ်းကောင်း Krrish မွေးဖွားဖို့ ဒီဇာတ်ကားပအစပြုထားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်လဲ အတော်ကောင်းမွန်ပြီး Rating မြင့် ဘောလိဝုဒ်ဇာတ်ကားပါ။