ရာသီဥတုဖောက်ပြန်ပြောင်းလဲ လာမှုတွေကြောင့် ရေခဲတောင်တွေ အရည်ပျော်ပြီး ကမ္ဘာကြီးရဲ့ အပူချိန်ဟာ တဖြည်းဖြည်းကျဆင်းကာ နှင်းမုန်တိုင်းတွေလည်း ဖြစ်လို့လာပါတော့တယ်….
ဘရီဆိုတဲ့ကောင်မလေးဟာ သိပ္ပံပညာရှင် လင်မယားနှစ်ဦးရဲ့ သမီးလေးဖြစ်ပြီးတော့ မြောက်ကမ္ဘာခြမ်းမှာ ချစ်သူနဲ့ ခရီးထွက်နေတဲ့ကောင်မလေးတစ်ယောက်ပေါ့ …
တစ်နေ့ မုန်တိုင်းတွေဖြစ်လာချိန်မှာ မိဘတွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီးတော့ ခရီးကနေ အိမ်အပြန်လမ်းမှာ လမ်းတွေပြို နှင်းမုန်တိုင်းတွေတိုက်နဲ့ စီးလာတဲ့ကားလည်း ဆုံးရှုံးသွားပြီး စာသင်ကျောင်းတစ်ခုမှာ သွားရောက် သောင်တင်နေခဲ့ပါတော့တယ်…
သိပ္ပံပညာရှင် လင်မယားနှစ်ယောက်လည်း သူတို့သမီးရောက်နေတဲ့နေရာကို လာရောက်ကယ်တင်ဖို့ ကြိုးစားအားထုတ်ကြပုံကို စိတ်လှုပ်ရှား ရင်ထိတ်ဖွယ်ရာ ကြည့်ရှုကြရမှာပါ …၂၀၁၉ ထွက်ရှိထားတဲ့
ဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ သည်းထိတ်ရင်ဖို ကြည့်ရှုချင်သူတွေ အတွက် သဘောကျစေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
ဒါရိုက်တာကတော့ Eric Paul Erickson, Jon Kondelik တို့ နှစ်ယောက်ပဲဖြစ်ပါတယ်…..Crd: Channel Myanmar
Related