ဇာတ်လမ်းအကျဉ်းကတော့ စစ်မှုထမ်းဟောင်းကြီး အာရှာ ဟာ တပ်ကထွက်ပြီးနောက်မှာ ကြေးစားတစ်ယောက်အဖြစ်အသက်မွေးခဲ့ပါတယ်။
အာရှာဟာအသက်ကြီးနေပြီဆိုပေမယ့် အလုပ်ကောင်းကောင်းလုပ်နိုင်သေးတာကြောင့် သူ့အသက်ထက် ထက်ဝက်လောက်ငယ်တဲ့ ကြေးစားတွေကြားမှာလည်း အသက်ကြီးပေမယ့် မပျက်စီးသေး ဆိုတဲ့ ဂုဏ်ကိုရနေသေးတုန်းပဲ။
ဒီလိုလောကသားတွေရဲ့ထုံးစံအတိုင်း အာရှာရဲ့ တပည့် နဲ့ သူငယ်ချင်းတို့ဟာ သူတို့အားလုံးရဲ့အလုပ်ရှင်ကြီး အေဗီ ကိုရှင်းပြီး အာဏာလုဖို့ကြိုးစားတဲ့ အခါမှာတော့..
အာရှာဟာ ဒီကိစ္စတွေကိုဘာမှမသိရပါပဲနဲ့ အေဗီက အထင်အမြင်မှားပြီး လိုက်လံလုပ်ကြံတာကိုခံရပါတော့တယ်…
သေနတ်ပစ်ကားတွေမှကြိုက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးအတွက်အာရှာ ဆိုတဲ့ဒီကားလေးကဖျော်ဖြေမှုတစ်မျိုးပေးနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်….Crd: Channel Myanmar
Related