Rating 6 ရရှိထားတဲ့ စော်ချောချောလေးတွေ ပါဝင်ထားတဲ့အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်…
လီလီတို့ သူငယ်ချင်းလေးယောက်ဟာ ဆီလမ်မြို့လေးမှာ ကျောင်းတက်နေတဲ့ ဆယ်ကျော်သက်မိန်းခလေးတွေ ဖြစ်ပါတယ်။
တစ်နေ့မှာတော့ အွန်လိုင်းပေါ်မှာ ဆီလမ်မြို့ မြို့တော်ဝန်ရဲ့ အတွင်းရေး၊ မက်ဆေ့ချ်နဲ့ ဓာတ်ပုံတွေဟာ ဟက်ကာတစ်ယောက်ရဲ့ လက်ချက်ကြောင့် အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။
ဒီလိုနဲ့ လူတွေရဲ့ ဆူပူမှုတွေဖြစ်ပေါ်လာခဲ့ပြီးသတင်းစာရှင်းလင်းပွဲမှာပဲ မြို့တော်ဝန်ဟာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။
ထိုဖြစ်ရပ်ကြောင့် ဆီလမ်မြို့လေးဟာ တုန်လှုပ်နေတုန်းမှာပဲ အထက်တန်းကျောင်းအုပ်ရဲ့ လူသိမခံနိုင်တဲ့ အတွင်းရေးအချက်အလက်တွေဟာ အင်တာနက်ပေါ်မှာ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။
မြို့သူမြို့သားတွေရဲ့ အုံကြွမှုတွေက ပိုမိုများပြားလာခဲ့ပြီး ဆူပူလှုပ်ရှားမှုတွေလည်း စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒီလိုနဲ့ ဟက်ကာသမားရဲ့ ပစ်မှတ်က လီလီဖြစ်လာတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ၊ ဟက်ကာသမားကကော ဘယ်သူဖြစ်နေမလဲ၊ ဆီလမ်မြို့လေးကော ဘယ်လိုအခြေအနေနဲ့ ကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စားဖို့ အရမ်းကောင်းတာမို့ ကြည့်ရှုအားပေးကြပါဦးဗျာ….Crd: Channel Myanmar
Related