ပနော်မိဇ်လို့ခေါ်တဲ့ ဆရာတော်တစ်ပါး သစ်ပင်ပေါ်က ပြုတ်ကျသွားလို့ သူ့ကိုယ်သူ အရမ်းအသက်ကြီးပြီး ဆရာတော်မဖြစ်တော့ဘူးလို့ ယူဆလာတော့ သူ့ရဲ့နေရာ ဆက်ခံမဲ့သူ တစ်ယောက် ရှာဖွေဖို့ နယ်မြေပေါင်းစုံကို ခရီးနှင်ပါတော့တယ် …
ပနော်မိဇ်ဆိုတာ သူ့ရဲ့ အစွမ်းတိုးစေတဲ့ မှော်ဆေးရည်ကြောင့် လူတွေ ကြည်ညိုလေးစားရတဲ့ ဆရာတော်တစ်ပါးပါ…
သူ့နေရာဆက်ခံသူကို သူ့ရဲ့မှော်ဆေးရည်စပ်နည်းပါ ပေးမှာဖြစ်တာကြောင့် မသမာသူလက်ထဲ ရောက်သွားရင် အရမ်းကို အန္တရာယ်များလွန်းလို့ သူ့နောက်လိုက်တွေကတော့ ဆက်ခံသူမရှာစေချင်ပါဘူး…
ဒါပေမဲ့လည်း ပနော်မိဇ်ကတော့ ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ ဆက်ခံသူရှာဖို့ ခရီးပြုတဲ့အခါမှာ သူတို့ကြုံတွေ့ရမဲ့ အခက်အခဲတွေ သူတို့ကို အနိုင်သိမ်းချင်နေတဲ့ ရောမတပ်သားတွေရဲ့ အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ဆိုတာ အတူကြည့်ကြရအောင်ပါ။IMDb Rating ကတော့ 6.9/10 ပါ….Crd: Channel Myanmar
Related