ဒီတစ်ခေါက်ကတော့ ပရိသတ်ကြီးအတွက် ပြင်သစ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ At War (2018)ကားလေးကို တင်ဆက်ပေးလိုပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ပြင်သစ်ကားဖြစ်ပေမယ့် နိုင်ငံတကာစံချိန်မှီစွာပဲရိုက်ကူးထားတဲ့ ကားကောင်းလေးပါ။ 2018 Cannes Film Festivalရဲ့ဆန်ကာတင်စာရင်းမှာ ပါဝင်နေပါသေးတယ်။ Rotten Tomatoes 64% ရရှိထားပြီးတော့ IMdb 7/10 ရရှိထားပါတယ်။
သမာရိုးကျဇာတ်လမ်းတွေနဲ့ ကွဲထွက်နေတဲ့ယခုဇာတ်ကားလေးကို အကျဉ်းရုံးပြီး ပြောပြချင်ပါသေးတယ်။
ဇာတ်လမ်းလေးရဲ့အကျဉ်းကတော့ အလုပ်သမားထုရဲ့ဘဝ အလုပ်သမားထုရဲ့အခွင့်အရေးကိုတင်ပြထားတယ်လို့ပဲပြောရမှာပါပဲ။
စက်ရုံတစ်ရုံဟာ အမြတ်အစွန်းတွေလဲ ရနေရဲ့သားနဲ့ ရုတ်တရက် ဈေးကွက်ကိုမထိုးဖောက်နိုင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ချလိုက်ပါတော့တယ်။
ထိုအချိန်မှာ စက်ရုံကိုအားထားနေရတဲ့ အလုပ်သမားပေါင်း၁၁၀၀ခန့်ဟာ ဒုက္ခတွေရောက်ပါတော့တယ်။
အလုပ်သမားတွေဟာ နစ်နာကြေးတွေကိုလဲ လက်မခံပဲစက်ရုံပြန်ဖွင့်ပေးဖို့နဲ့ အလုပ်ပြန်လည်ရရှိရေးအတွက် ဆန္ဒပြကြပါတော့တယ်။
၁၁၀၀သောအလုပ်သမားများဟာ ဒုက္ခများစွာရင်ဆိုင်ပြီး တတ်နိုင်သမျှ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကိုရင်ဆိုင်ကြပါတော့တယ်။
ထိုအလုပ်သမားတွေကို မစ္စတာလောရန့်ဆိုတဲ့ စဉ်းစားနိုင်စွမ်းမြင့်တဲ့ အလုပ်သမားကြီးကဦးဆောင်ပါတယ်။ ဒါပေမယ့် သူတို့ကြိုးစားတိုင်းရော အောင်မြင်မှာလား? ဉာဏ်များတဲ့ကုမ္ပဏီခေါင်းဆောင်တွေနဲ့ရော သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ? နောက်ဆုံးဘာဖြစ်လာမလဲဆိုတာကို အသဲတစ်ထိတ်ထိတ်နဲ့ မပျင်းမရိကြည့်ရှုရမှာပါ။
ဒီဇာတ်လမ်းရဲ့ဇာတ်လမ်းတည်ဆောက်ပုံဟာ တမူထူးပါတယ်။ အခုလို ထူးခြားပြီးကောင်းမွန်တဲ့ At War (2018) ကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်…..Crd: Channel Myanmar
Related