ဒါကတော့ IMDb rating 7.1နဲ့ Tomatoesမှာတော့ လောလောဆယ်100%ရထားတဲ့ Finland Dramaကားလေးတစ်ကားပါ။
Auroraဆိုတဲ့Finlandကောင်မလေးတစ်ယောက်က အရက်တွေအလွန်အကျွံသောက် ပါတီတွေတက်ပြီး ဘဝကိုပေါ့ပေါ့တန်တန်ဖြတ်သန်းနေသူတစ်ယောက်ပေါ့။
ဒါပေမယ့် ပိုက်ဆံရှာမယ်စိတ်ကူးနဲ့ နောက်တစ်လဆို နော်ဝေကိုသွားတော့မလို့ လေယာဉ်လက်မှတ်ကိုအကြွေးဝယ်ထားလိုက်ပါတယ်။
တစ်ညမှာတော့ Finlandသူတစ်ယောက်နဲ့လက်ထပ်ပြီး နိုင်ငံသားဖြစ်ဖို့ ကြိုးစားနေတဲ့ ကလေးအဖေတစ်ယောက်နဲ့ ဆုံစည်းမိပြီး သူ့ကိုလိုက်ကူညီပေးကာ လက်မှတ်ဖိုးရှာပါတော့တယ်။
နော်ဝေသွားတော့မယ်သူတစ်ယောက်နဲ့ Finlandနိုင်ငံသားဖြစ်ဖို့ကြိုးစားနေသူနှစ်ဦးဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီDramaကားလေးမှာ ကြည့်ရှုလိုက်ပါဦး…… Crd: Channel Myanmar
Related