ဒီ ဇာတ်ကားလေး ကတော့ 6.6 Rating ရထားပြီးအင်္ဂလန်မြို့ကြီးသူ ဆာယာရဲ့သူ့ခင်ပွန်းဦးစီးနေတဲ့ဩစတြေးလျတိုက် ဒါဝင်မြို့လေးက နွားမွေးမြူရေးခြံကိုလိုက်သွားရာကဖြစ်ပေါ်ခဲ့တဲ့ဇာတ်လမ်းလေးပါ။အစပိုင်းမှာတော့မြို့ကြီးသူဟန်ကျော့ကျော့မာ့မော့နေခဲ့ပေမယ့်ယောကျ်ားဖြစ်သူမတရားအသတ်ခံရပြီးနောက်မှာတော့ မိန်းမသားတန်မဲ့သတ္တိရှိရှိ
ဩစတြေးလျလွင်ပြင်တွေကိုဖြတ်ပြီးနွား၁၅၀၀ အုပ်ကိုမောင်းရင်းဒါဝင်မြို့ကိုအရောက်ပို့ပုံတွေ၊
အဲဒီတုန်းကလူမည်းစပ်ကလေးတွေဆို မစ်ရှင်ကျွန်းလို့ခေါ်တဲ့ကျွန်းတစ်ကျွန်းကိုပို့ပြီးလူဖြူတွေကိုအလုပ်အကျွေးပြုတတ်ဖို့သင်ကြားပေးတဲ့ခေတ်မို့ ဆာယာဟာ ဒေသခံချစ်စရာကလေးတစ်ယောက်ကိုသံယောဇဉ်တွယ်မိပြီး မွေးစားဖို့ကြိုးစားပုံတွေ တွေ့မြင်ရမှာဖြစ်ပါတယ်။ဇာတ်ဆောင်မင်းသားအနေနဲ့ ဆာယာ့ကိုကူညီရင်းသံယောဇဉ်တွယ်မိသွားတဲ့လွတ်လွတ်လပ်လပ်နေတတ်တဲ့ကောင်းဘွိ ုင်တစ်ယောက်အဖြစ်Woverineမင်းသား Huge Jackman ကိုမြင်တွေ့ရမှာပါ။Nicole Kidman သရုပ်ဆောင်တဲ့ဆာယာဇာတ်ရုပ်ဟာလည်းကိုယ်အရမ်းကြိုက်မိတဲ့ဇာတ်ရုပ်ဖြစ်တဲ့အပြင် ဇာတ်လမ်းလေးကလည်းအရမ်းကောင်းတာကြောင့်ဒီဇာတ်ကားလေးကိုလက်လွတ်မခံဘဲကြည့်သင့်ပါကြောင်းသတင်းပေးလိုပါတယ်….
File size…(1GB , 906 MB)
Format…mp4
Duration….02:45:29
Subtitle….Myanmar Subtitle (Hardsub)
Translator…May Thazin Myint
Encoder….Moe Myint Lwin