ဒီကားလေးကတော့ ဘရာဇီးလူမျိုးတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ စိတ်ကူးယဥ်ဆန်ဆန် ဒရမ်မာအက်ရှင်ကားလေးတစ်ကားပါ။
ထရစ်ဇာက သူမအဖွားသေဆုံးသွားတဲ့အတွက် ဘာကူယာရွာလေးကိုရောက်လာခဲ့တယ်။
သူမအဖွားစျာပနာအခမ်းအနားကို တက်ရောက်ဖို့ပေါ့။ ဇာတ်ကားထဲမှာတော့ ဘာကူယာလို့ခေါ်တဲ့ ကျေးရွာလေးက ဘရာဇီးမှာရှိတယ်လို့စိတ်ကူးယဥ်ပုံဖော်ထားတဲ့ရွာလေးတစ်ရွာပေါ့။
ဘာကူယာရွာလေးမှာ သေရေးရှင်ရေးအခက်အခဲတွေရှိနေတယ်။
ထောက်ပံ့မှုတွေလည်းနည်းလာခဲ့တယ်။ နောက်ပြီးဖုန်းလိုင်းတွေလည်းမမိတော့ဘူးဖြစ်ခဲ့တယ်။
အကျင့်ပျက်ခြစားနေတဲ့ အစိုးရကလည်း ရွာလေးကို ပစ်ပယ်ခဲ့တယ်။
ဘာကူယာရွာလေးဟာ မြေပုံထဲကနေဖျောက်ဖျက်ခံလိုက်ရတယ်။ နောက်ပိုင်းမှာရွာလေးဟာဘယ်လိုအဖြစ်ဆိုးတွေနဲ့ကြုံတွေ့ခဲ့လဲ
ရွာမှာရှိတဲ့နယ်ခံတွေကရေ ာဒီအဖြစ်ဆိုးတွေကနေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ပဟေဠိဆန်ဆန်ကြည့်ရှု့ရမှာပါ…. Crd: Channel Myanmar
Related