သဲထိတ်ရင်ဖို ဇာတ်လမ်းတွေကို ကြည့်ရှုချင်ကြသူတွေအတွက် ၂၀၁၈ ထွက် Bad Samaritan ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်..
ဒရက်ခ် နဲ့ ရှောန် လို့ခေါ်တဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်…သူတို့နှစ်ယောက်ကအရမ်းခင်ကြပြီး ပိုက်ဆံမချမ်းသာတဲ့မိသားစုတွေကနေလာကြတဲ့ ဆိုးသွမ်းတဲ့ လူငယ်လေးနှစ်ယောက်…သူတို့ကစားသောက်ဆိုင်တစ်ခုမှာ ကားပါကင်ထိုးပေးတဲ့အလုပ်ကို လုပ်ကြတယ်…
အမှန်တကယ်တော့ သူတို့ကားပါကင်ထိုးတယ်ဆိုပေမယ့် ဒါကဟန်ပြအလုပ်သက်သက်တစ်ခု… သူတို့တကယ်က ဘာလုပ်လဲဆိုတော့ သူတို့အလုပ်လုပ်တဲ့ဆိုင်ကိုလာတဲ့ စားသုံးသူတွေက ကားပါကင်ထိုးဖို့ သော့တွဲပေးလိုက်ပြီဆိုရင်..အဲ့ဒီကားပိုင်ရှင်အိမ်က သိပ်မဝေးဘူးဆိုရင် ကားပါကင်မထိုးတော့ဘဲနဲ့ ကားပိုင်ရှင်အိမ်အထိ မောင်းသွားပြီး အဲ့ဒီအိမ်ကို သော့တွဲမှာပါတဲ့ အိမ်သော့တွေနဲ့ ဖောက်ထွင်းခိုးယူတော့တာပါပဲ…
ကံဆိုးတာလား ကံကောင်းတာလားမသိတဲ့တစ်ရက်မှာတော့ ရှောန် က ထူးဆန်းတဲ့လူတစ်ယောက်ရဲ့အိမ်ကို ဖောက်မိတယ်…အဲ့ဒီလူရဲ့အိမ်မှာ ရှိတဲ့ပစ္စည်းတွေက ဘာတွေလဲ..အဲ့ဒီလူအိမ်မှာ ဘာတွေတွေ့လဲ…ဘာတွေတွေ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲ..ပရိတ်သတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုတော်မူကြပါ….
ထိတ်လန့်တုန်လှုပ်စရာ သဲထိတ်ရင်ဖိုကားကြိုက်တဲ့လူတွေအတွက်တော့ သဘောကျနှစ်ခြိုက်မှာပါ…သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ကောင်းမှုက ပရိတ်သတ်ကိုစိတ်ကျေနပ်မှုပေးမယ့်အပြင်.. rating တွေအနေနဲ့က IMDb – 6.3/10…Rotten Tomatoes- 51% ..Facebook – 4/5…Google Users – 81%ထိရရှိထားတဲ့ ကားကောင်းတစ်ကားပါ….Crd: Channel Myanmar
Related