1950 ခုနှစ်မှာ ရုရှားအားကိုးနဲ့ မြောက်ကိုရီးယားခေါင်းထောင်ချိန် လွတ်လပ်ရေးရတာ ၅ နှစ်သာရှိသေးတဲ့ တောင်ပိုင်းသားတွေအတွက် စက်ဆုတ်စရာစစ်မြေပြင်ဆီ ခါးသီးမှုတွေနဲ့ အတူ ပြန်လည်တိုက်ပွဲဝင်ဖို့ဖြစ်လာခဲ့တယ်…
ဂျန်ဆာရီကမ်းခြေမှာတပ်စွဲထားတဲ့ မြောက်ပိုင်းတပ်တွေကိုတိုက်ထုတ်ဖို့ အခုမှသင်တန်းသားပဲ ရှိသေးတဲ့ ခြေပြတ်လတ်ပြတ်တွေ စစ်ရဲ့ အနံ့အသက်ဆိုးတွေကိုမခံစားဖူးသေးတဲ့ လူငယ်စစ်သား ၇၀၀ကျော် မလွှဲမရှောင်သာ ဖွဲ့စည်းပြီး mission တစ်ခုလုပ်ခဲ့ကြတယ်…
ခုမှ သင်တန်းဆင်းကျောင်းသားတွေနဲ့ စစ်တိုက်မယ်ဆိုကတည်းက ဒီစစ်ပွဲရဲ့ အောင်မြင်မှုဟာ ပြန်လမ်းမဲ့ကျွန်းကိုလွှတ်တယ်လို့တောင်ဆိုရပါ့မယ်…
ကိုရီးယားထုံးစံအတိုင်း dialogue တွေအရမ်းကောင်းတယ် suspense လုပ်သွားတာ တော်တော် tempo တက်တယ် ….လူငယ်စစ်သားလေးတွေကိုသဘာဝကျကျ ရိုက် သွားတာ information ပိုင်းမှာပဲလုပ်ဖူးပြီး စစ်ပွဲကိုစာတွေ့ပဲရှိပြီး တိုက်ပွဲအတွေ့အကြုံမရှိတဲ့ခေါင်းဆောင်ရဲ့အမိန့်တွေနဲ့ ချီတက်သွားကြတာဟာာ လုံး၀ mission impossible ကြီးပါပဲ….
အထူးတလည်ညွှန်းစရာမလိုအောင်ထူးထူးခြားခြားကောင်းပါတယ် ထူးထူးခြားခြားလဲ မျက်ရည်ကျရပါမယ်….
IMDb 6.1 Rotten Tomatoes မှာ 60% ဆိုတော့ setting ပိုင်းတွေ ရိုက်ကွင်းရိုက်ကွက်တွေ သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကျဲတွေကိုမှသုံးထားပါတယ်…
ခေတ်လူငယ် ကျွန်တော်တို့လို လူချောလေးတွေသဘောကျတဲ့ မမ Megan Foxတောင်ပါလေရဲ့…..
Background music တွေ tempo ကိုဆွဲခေါ်သွားနိုင်တဲ့plot တွေ….ရုံးပိတ်ရက်လေးမှာ ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းဆိုတာ အာမခံရဲပါတယ်…Crd: Channel Myanmar
Related