ဒီကားလေး လုံးဝကို crimeနဲ့ actionကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် တကယ်ကိုထိမိစေမယ့်ကားလေးပါ။ ကားအစမှာတော့ ဆရာလီဆိုတဲ့ မူးယစ်ရာဇာကိုလိုက်စုံစမ်းနေတဲ့စုံထောက်နဲ့ သူရဲ့သတင်းပေး ဆေးစွဲနေတဲ့ကလေးမလေး ချာဆူဂျောင်းတို့နဲ့စထားပါတယ်။ ချာဆူဂျောင်းက သတင်းယူပေးရင်း မိသွားပြီး အသတ်ခံလိုက်ရတဲ့အခါမှာတော့ စုံထောက်ခင်ဗျာ ကြေကွဲပြီး မူးယစ်ရာဇာကို လိုက်ဖမ်းဖို့ မရရအောင် နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။ အဲ့လိုကြိုးစားရင်း ပုံစံမျိုးစုံ အခြေအနေမျိုးစုံ လူပေါင်းစုံနဲ့ပါကြုံတွေ့လာရပြီး ရင်ဆိုင်ဖြေရှင်းပုံတွေက ရယ်ရမလို ငိုရမလိုနဲ့ တော်တော်ကို လှိုက်ဖိုငေးမောပြီး ကြည့်ရှုရမယ့်ကားလေးပါ။ နောက်ဆုံးကျပြန်တော့ ဆရာလီဆိုတော့လူက ဘယ်သူဖြစ်မလဲ သူ့ကိုတကယ်ရော ရှာတွေ့ပါ့မလား ဖမ်းလို့ရောရဲ့လားဆိုတာကိုတော့ Believer (2018)ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်လိုက်ပါနော်…….Crd: Channel Myanmar
Related