Between Two FernsBetween Two Fernsရဲ့အစီအစဉ်တင်ဆက်သူဇက်တစ်ယောက်သူ့ရဲ့စတူဒီယိုကြီးတစ်ခုလုံးရေလွှမ်းခံလိုက်ရပြီးတဲ့နောက်မှာတော့ပိုင်ရှင်ဖြစ်တဲ့ဝေးလ်ဖယ်ရိုနဲ့ အပေးအယူတစ်ခုလုပ်ခဲ့လိုက်ပါတယ်။
အပေးအယူကတော့ အင်တာဗျူးအစီအစဉ်အတွက်၁၀ပိုင်းရှာပေးရင် သူညစဉ်ညတိုင်းပါဝင်နိုင်တဲ့ကိုယ်ပိုင်တီဗီရုပ်သံအစီအစဉ်တစ်ခုပေးဖို့ပါပဲ ။
အပေးအယူကိစ္စအောင်မြင်ပြီးတာနဲ့ ဇက်တစ်ယောက်သူ့စက်အဖွဲ့သား ၃ယောက်နဲ့ နိုင်ငံအနှံ့လျှောက်သွားပြီးအင်တာဗျူးပါတော့တယ်။
သူ့အင်တာဗျူးက တကယ်နာမည်ကြီးသရုပ်ဆောင်တွေကို အဆိုးဖက်ကနေဦးတည်ပြီးတော့ အနောက်ပုံစံနဲ့မေးမြန်းပြီး အတည်ပေါက်နဲ့ ကိုယ့်မကောင်းကြောင်းတွေကို ပြောဆိုခံရတဲ့အနေအထားပါ။
ဆိုတော့ ဇက်တစ်ယောက်သူရဲ့အပေးအယူကိုအောင်မြင်စွာလုပ်ဆောင်နိုင်မလား ကိုယ်ပိုင်တီဗီအစီအစဉ်တစ်ခုရနိုင်မလားဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါဗျာ။
အင်တာဗျူးခံရတဲ့သူတွေထဲမှာ ကိုယ်တွေရဲ့ မာဗယ်ဟီးရီုးတွေအများကြီးပါဝင်ပါတယ်နော်။ကိုယ်တွေရဲ့ဒေါက်တာအဆန်းကြီးကိုဖဲ့တာ ဖဲ့တာဆိုတာ…..Crd: Channel Myanmar
Related