ဒီတစ်ခါတော့ ဘော်လီဝုဒ်ဖန်တွေအတွက် အက,အလှတွေစုံစုံညီညီနဲ့ Musical, Drama ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။
သရုပ်ဆောင်အသစ်တွေဆိုပေမယ့် အက်တင်ပိုင်းမှာပြောစရာမရှိဘဲ တကယ်ကိုတော်ကြသလို, ကကွက်တွေလည်း ရှယ်တွေပါပဲ။
ဖင်မနိုင်ဘဲပဲကြီးဟင်းစားတဲ့ကုလားဒါရိုက်တာတွေလိုမဟုတ်ဘဲ ပွဲဦးထွက်ဒါရိုက်တာတစ်ယောက်ဖြစ်ပေမယ့်
ဒီဒါရိုက်တာကတော့ ဖြစ်နိုင်တာ လုပ်နိုင်တာကိုပဲ ဟာကွက်မရှိအောင် ချပြသွားပါတယ်။
ထုတ်လုပ်ရေးကလည်း ကားကောင်းများစွာဖြန့်ချီထားတဲ့ RSPV ဆိုတော့ ပြောစရာမလိုလောက်အောင်ပါပဲ။
ဒီဇာတ်ကားထဲကမင်းသားက ဆန်ဂျူးဇာတ်ကားထဲမှာ ကမ်လီအဖြစ်လူသိများခဲ့တဲ့ မင်းသား Vicky Kaushal ရဲ့ညီ Sunny Kaushal ပဲဖြစ်ပါတယ်။
နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDb 6.5/10 အထိရထားပါတယ်။
ဇာတ်လမ်းလေးကတော့ ဂျဂ္ဂီဆိုတဲ့ပန်ဂျာဗီလူငယ်တစ်ယောက်ဆီမှာ အိပ်မက်တစ်ခုရှိပါတယ်။
အဲ့ဒါကတော့ သူတို့မျိုးရိုးအမွေတစ်ခုဖြစ်တဲ့ ပန်ဂျာဗီအက, ဘန်ဂရားကို လူသိကျော်ကြားစေချင်တာပါပဲ။
သူ့အဖေ သူ့အဖိုးတို့ကို ဘယ်သူမှမသိခဲ့တာကြောင့် ဒီအကနဲ့ တကမ္ဘာလုံးကိုသိစေချင်တာပါပဲ။
ဒါပေမဲ့ အခက်အခဲတစ်ခုတော့ရှိနေပါတယ် အဲ့ဒါကတော့ ရှေ့ထွက်မိန်းကလေးအက,သမားမရှိတာပါပဲ။
သူ့ကောလိပ်တစ်ခုလုံးမှာလည်း စိတ်တိုင်းကျတစ်ယောက်မှမတွေ့ခဲ့ပါ။
ဒါပေမဲ့ မင်္ဂလာဆောင်တစ်ခုမှာ အက,တော်သော စီမီးဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။
အက,တော်တဲ့ဒီကောင်မလေးကို သူ့အသင်းမှာပါဖို့ စည်းရုံးတဲ့အခါမှာ ဒီကောင်မလေးဟာ သူ့ပြိုင်ဘက်ကောလိပ်ကဖြစ်နေပါတော့တယ်။
မြင်မြင်ချင်းသဘောကျမိတဲ့ကောင်မလေးနဲ့ သူ့အိပ်မက်ထိပ်တိုက်တွေ့လာလေသောအခါမှာတော့ …
(ရဲရဲကြီးအာမခံနိုင်တာတစ်ခုကတော့ ဒီဇာတ်ကားဟာ ABCD လို ပေါကားတွေထက် အဆတစ်ရာလောက် သာတယ်ဆိုတာပါပဲ)…….Crd: Channel Myanmar
Related