ဒီကားက အကယ်ဒမီ မှာရော Golden Globe မှာပါ Nomination အများဆုံးရထားတဲ့ကားဖြစ်ပြီး၊ မင်းသားကြီး Michael Keaton ရဲ့ တကျော့ပြန်လာတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော့် Review တွေဖတ်နေကျ ပရိတ်သတ်ကြီးက သတိထားမိမှာပါ။ ကျွန်တော် ဒီကားကလွဲရင် ဘယ်ဇာတ်ကားကိုမှ Rating 10 မပေးဖူးခဲ့ပါဘူး။ ဒီကားကတော့ တကယ့်ကို ပေးသင့်လို့ပေးထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ဇာတ်လမ်းကတော့ Interstellar တို့ Inception တို့လိုလည်း မရှုပ်ထွေးပါဘူး၊ The Sixth Sense လိုလည်း Twist တွေမပါပါဘူး။ ဇာတ်အိမ်တည်ထားတာလည်း ရိုးရှင်းပါတယ်။
ဇာတ်လမ်း မှာ မင်းသား Michael Keaton က တစ်ချိန်က Birdman ဆိုတဲ့ Superhero အဖြစ်သရုပ်ဆောင်ကာ နာမည်ကြီးမင်းသား တစ်ဦးဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ နေရာတစ်နေရာ ရဖို့အတွက် သူရဲ့သရုပ်ဆောင် အရည်အသွေးကိုပြနိုင်ဖို့အတွက် ရုန်းကန်နေသူဖြစ်ပါတယ်။ သူက Broadway (New York က ပြဇာတ်ရုံတွေ ရှိတဲ့ လမ်း) ပြဇာတ်တစ်ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုက် သရုပ်ဆောင်၊ ကိုယ်တိုင် တင်ဆက်ပြီး သူရဲ့အနုပညာကို ချပြဖို့ကြိုးစားနေပါတယ်။
ဇာတ်လမ်းကတော့ ရိုးရိုးလေးပေမယ့်၊ သူရဲ့ အခက်အခဲတွေ၊ စိတ်ဒုက္ခတွေကို တင်ဆက်ထားတာဟာ တကယ့် ကို အနုပညာမြောက်ပြီး၊ သရုပ်ဆောင်လည်းတကယ်ကောင်းပါတယ်။ ဇာတ်ကားတစ်ကားလုံး မှာ ဇာတ်ဝင်ခန်း အကူးအပြောင်းက အစ သာမန်ရုပ်ရှင်တွေလို (Fade to black) အမှောင်ချပြီး နောက်တစ်ခန်း ကူးတာမျိုးမဟုတ်ပဲ၊ ဇာတ်ကောင်တွေနောက်ကို လိုက်ပြီး ရိုက်ကူးထား သလို တစ်ခန်းနဲ့တစ်ခန်းကိုလည်း ဆက်ပြီးရိုက်ထားတာကြောင့် ထူးခြားတဲ့ ရသ တစ်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ဇာတ်ကားပြီးသွားတဲ့အခါမှာ မေးခွန်းပေါင်းများစွာ ကျန်နေစေခဲ့မှာဖြစ်ပြီး၊ သို့လော သို့လောနဲ့ အတွေးတသသ ဖြစ်စေမယ့်ဇာတ်လမ်းမျိုးလည်းဖြစ်ပါတယ်။ တစ်ခုပြောချင်တာက မင်းသားရဲ့ အခန်းထဲက ဘုရားစင်းထုတော် ဖြစ်ပြီး၊ စစတွေ့ချင်းမှာ တစ်ခြားကားတွေထဲမှာလိုပဲ အလှဆင်ထားတယ်လို့ထင်ရပေမယ့်၊ သေချာကြည့်ကြည့်တော့မှ စိတ်ပုတီးနဲ့ သောက်တော်ရေခွက်လို့ ယူဆရတဲ့ ရေခွက် လေးလည်းတွေ့ရပါတယ်။ ဇာတ်လမ်းစစချင်းမှာ အတွင်းခံနဲ့တိုင်နေတာကလည်း တရားထိုင်နေတယ်လို့ထင်ရပြီး (ဗုဒ္ဓဘာသာစစ်စစ်မဟုတ်လို့) Birdman က ဗုဒ္ဓဘာသာလားလို့ လည်းထင်စရာဖြစ်ပါတယ်။ အထင်လွှဲမှာစိုးလို့ကြိုတင်ရှင်းပြထားတာဖြစ်ပါတယ်။
ဇာတ်လမ်းဇာတ်အိမ် ကောင်းသလို တင်ဆက်ပုံကလည်း ပညာသား ပါပါတယ်။ မင်းသားကြီး Michael Keaton က သရုပ်ဆောင်ကောင်းသလို၊ Edward Norton ကလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ဒီဇာတ်လမ်းမှာ တစ်ချိန်က နာမည်ကြီး Superhero မင်းသားက လက်ရှိ ရုန်းကန်နေရတဲ့အကြောင်းရိုက်ကူးထားသလို၊ သူ့နေရာမှာသရုပ်ဆောင်တဲ့ Michael Keaton ကလည်း တစ်ချိန်က Batman (1989), Batman Returns (1992) တို့မှာ အောင်မြင်ခဲ့ပြီး လက်ရှိအချိန် မှာ ရုန်းကန်နေသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဇာတ်လမ်းက ပိုအသက်ဝင်သွားပြီး၊ Michael ကလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်အပြင် Emma Stone (Amazing Spider-Man) ကလည်း သရုပ်ဆောင်ကောင်းကောင်းနဲ့ အားဖြည့်ထားပါသေးတယ်။
ဒီကားက အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ရုပ်ရှင် ကို တကယ် စိတ်ဝင်စားစွာ ကြည့်ချင်တဲ့သူတွေ၊ ရုပ်ရှင်အနုပညာကို မြတ်နိုးတဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ကားဖြစ်ပြီး၊ ရုံမှာသွားကြည့်သင့်ပါတယ်။
အပျင်းပြေကြည့်မယ့်သူတွေ၊ အက်ရှင်ကားတွေပဲ ကြိုက်တဲ့သူတွေ အတွက်ကတော့ ဒီကားက ပျင်းစရာကောင်းတယ်လို့ထင်စရာဖြစ်နေမှာပါ။
#Sololay
(အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်။)ဒီဇာတ်ကားက 2015 ခုနှစ်အော်စကာဆုပေးပွဲမှာ…..
Best Picture , Best Original Screenplay , Best Director , Best Cinematography
ဆု(၄)ဆုဆွတ်ခူးခဲ့တဲ့ဇာတ်ကားပါ။IMDb(8/10) နဲ့ Rotten Tomatoes (93%) ရရှိထားတာကြောင့် ရုပ်ရှင်ဇာတ်လမ်းကောင်းကောင်းလေးတွေကို နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်တော့
လက်လွတ်မခံသင့်တဲ့ ဇာတ်ကားပါ။File size…900MB
Quality….Blu-Ray Rip 720p
Format…mp4
Duration….01:59:17
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung