နိုင်ငံခြားမှာနေရင်း မိသားစုအတွက် ငွေတွေတတ်နိုင်သလောက်ရှာပြီးပြန်လာတဲ့ ဖခင်ဖြစ်သူ ဂျောင်အီတစ်ယောက်ရဲ့
မိသားစုအိမ်ပြန်လမ်းဟာ တခြားသူတွေနဲ့ တူပုံမရဘူး….
သူ့ပုံစံကပျော်ရမယ့်အစား ဝမ်းနည်းကြေကွဲမှုတွေမျက်နှာပေါ်မှာအပြည့်…. သမီးလေးအတွက် အရုပ်လေးဝယ်ရင်း အိမ်တံခါးခေါက်တဲ့သူ့ကို ဇနီးဖြစ်သူက တံခါးမဖွင့်ပေးခဲ့သလို တစ်သက်လုံးအိမ်ပြန်မလာလည်းရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ကြိုဆိုခဲ့လေရဲ့….
ဖခင်ဖြစ်သူဟာ နိုင်ငံခြားမှာနေပြီး မိန်းမပွေရှုတ်တာလည်းမဟုတ်..ရှာသမျှလည်းအိမ်ကိုပို့တယ်…
မိန်းမဖြစ်သူရဲ့ ဒီလိုကြိုဆိုမှုကိုလည်း အပြစ်မဆိုခဲ့ဘူး….ဘာကြောင့် ဒီလိုဖြစ်နေကြတာလဲ…သမီးလေးနဲ့ မိန်းမဆီ နွေးထွေးတဲ့မိသားစုလေး အဖြစ်သူပြန်တည်ဆောက်လို့ရပါ့မလား…တခြားဘာအကြောင်းတွေရှိသေးလဲ…
ကားနာမည် Birthdayဆိုတာနဲ့ရော ဘယ်လိုသက်ဆိုင်နေတာလဲဆိုတာကိုတော့
ခံစားကြည့်ပါဦး….ဒီကားက မိသားစုကားတစ်ကားပါ..အေးသလိုထင်ရပေမယ့် ဘာကြောင့်လဲဆိုတာတဖြည်းဖြည်းဆွဲခေါ်သွားပြီး
ကြည့်ရှုသူကိုဖမ်းစားနိုင်တဲ့ကားပါ..သရုပ်ဆောင်တွေကလည်း နာမည်ကြီး မင်းသားမင်းသမီးတွေကြီးပါပဲ…ခံစားကြည့်လိုက်ပါဦး…
IMDb…7.0တောင်ရရှိထားတာမို့ ထွေထွေထူးထူးမညွှန်းတော့ပါဘူးနော်…Crd: Channel Myanmar
Related