ဒီကားလေးကတော့ ခပ်ဆန်းဆန်းပါပဲ။ လူသားတွေက နတ်ဘုရားတွေကိုဖမ်းပြီး အခြားဒိုင်မင်းရှင်းတစ်ခုကိုပို့ပြီး နယ်နှင်ဒဏ်ပေးကြသတဲ့။ အဲ့လိုမျိုးတွေလုပ်တဲ့နေရာကို အမဲရောင်နယ်မြေလို့ခေါ်တယ်။ အဲ့မှာ ရန်ဆိုတဲ့ကောင်မလေးတစ်ယောက်လဲ အလုပ်လုပ်တယ်။ သူ့ရဲ့မိဘတွေက သူငယ်ငယ်တည်းက နတ်ဘုရားတစ်ပါးကြောင့် သေဆုံးခဲ့ရတယ်။ အဲ့ကတည်းက ရန်ကလဲ ပုံမှန်မဟုတ်တာတွေကို တစ်ခါတစ်လေ မြင်ရတတ်တယ်။ တစ်နေ့တော့ သူတို့အမဲရောင်နယ်မြေထဲမှာ နတ်ဘုရားတစ်ပါးကိုနယ်နှင်ဒဏ်ပေးဖို့ ဖမ်းလာခဲ့တယ်။ ဒါပေမဲ့ ရောက်လာတာက အဲ့နတ်ဘုရားတစ်ပါးတည်း မဟုတ်တဲ့အခါ…အမဲရောင်နယ်မြေမှာ ဘယ်လိုအဖြစ်တွေ ကြုံတွေ့ရမလဲ…ရောက်လာတဲ့နတ်ဘုရားကရော ရန်နဲ့ဘယ်လိုပတ်သက်နေမလဲ…ဆိုတာကတော့ Black Site ဆိုတဲ့ကားလေးထဲမှာ ခံစားကြည့်ရှုကြပါ……Crd: Channel Myanmar
Related