ဒီဇာတ်လမ်းလေးကတော့ ၁၉၇၀အစောပိုင်းက အမေရိကန်နိုင်ငံကော်လိုရာဒိုပြည်နယ်ရဲ့ ကော်လိုရာဒိုစပရင်းမြို့ရဲဌာနမှာပထမဦးဆုံး တာဝန်ထမ်းဆောင်နိုင်ခဲ့တဲ့အာဖရိကန်-အမေရိကန် နီဂရိုးစုံထောက်တစ်ယောက်ဖြစ်တဲ့ရွန် စတောလ်ဝေါ့ရဲ့ ဖြစ်ရပ်မှန်ကိုရိုက်ကူးပုံဖော်ထားတာပါ…
အဲ့ခေတ်အခါက လူမည်းတွေနဲ့ တခြားမျိုးနွယ်ဝင်တွေ (ဥပမာ – ဂျူးလူမျိုးများ)ကို ခွဲခြားဆက်ဆံပြီး လူဖြူမျိုးနွယ်တွေသာ မြင့်မြတ်သည်ဟု ခံယူထားကြသည့်“Ku Klux Klan” လို့အမည်ရတဲ့ လူဖြူဝါဒကြီးစိုးရေးအဖွဲ့လဲ ပေါ်ပေါက်လျက်ရှိပါတယ်…
ဒီရုပ်ရှင်ထဲမှာတော့ နီဂရိုးလူမျိုးတစ်ယောက်ဖြစ်တဲ့ ရွန် စတောလ်ဝေါ့အနေနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ ဂျူးအနွယ်ဝင် ဖလစ် ဇင်မာမန်းနဲ့အတူ“KKK” အဖွဲ့ထဲ ဘယ်လို လျှို့ဝှက်အသွင်ပြောင်းဝင်ရောက်ပြီးတော့ အဖွဲ့ရဲ့သတင်းအချက်အလက်တွေကို ရယူမလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ…
ထိုခေတ်အခါက အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ လူဖြူမဟုတ်တဲ့ မျိုးနွယ်ဝင်တွေဖြစ်ကြတဲ့ နီဂရိုးလူမည်းတွေနဲ့ တခြားအနွယ်ဝင်တွေ ဘယ်လိုဒုက္ခခံစားရတယ်ဆိုတာကိုလဲ တွေ့မြင်နိုင်ပါသေးတယ်……Crd: Channel Myanmar
Related