ဒီကားလေးကတော့ IMDb မှာRating 7 ၊ ခရမ်းချဉ်သီးမှာ 88%ရထားပြီးတခြားpositive reviewတွေလည်းအများကြီးရထားတဲ့Drama ကားလေးတစ်ကားပါ။ Sarfraz Manzoorဆိုတဲ့သူတစ်ယောက်ကအဆိုတော် Bruce Springsteenရဲ့သီချင်းတွေကြောင့်
သူ့ငယ်ဘဝမှာ ဘယ်လိုအင်အားတွေရခဲ့ပြီးသူ့အိပ်မက်တွေနောက်ကိုလိုက်ခဲ့တဲ့အကြောင်းရေးထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာပါ။ သူ့မိသားစုက ပါကစ္စတန်ကနေအင်္ဂလန်ကိုသူငယ်ငယ်လေးကတည်းကပြောင်းလာခဲ့ပါတယ်။ သူ့အဖေဟာသူ့ကိုပညာတတ်အောင်လုပ်ပြီးဝင်ငွေကောင်းမယ့်အလုပ်တစ်ခုလုပ်စေချင်သူပါ။စည်းကမ်းတွေလည်းတင်းကြပ်ပြီး အင်္ဂလန်ရောက်တာတောင်သူ့သားကိုအိမ်ရှေ့အိမ်ကသူငယ်ချင်းမွေးနေ့ပါတီတောင်သွားခွင့်မပေးတဲ့တကယ့်ပါကစ္စတန်အဖေကြီးပါ။ သူဟာအဖေ့ရဲ့ချုပ်ချယ်မှုတွေနဲ့ကြီးပြင်းလာခဲ့ပေမယ့်အမြဲရုန်းထွက်ချင်နေပြီး စာရေးဆရာဖြစ်ချင်နေတဲ့1987ခုနှစ်က ကောလိပ်ကျောင်းသားတစ်ယောက်ပါ။နောက်တော့ သူ Bruce Springsteenရဲ့သီချင်းတွေကိုအရမ်းကြိုက်သွားပြီး သီချင်းစာသားတွေဟာသူ့ဘဝအတွက်ကြီးမားတဲ့ခွန်အားတွေဖြစ်လာခဲ့ပြီးသူ့အိပ်မက်တွေနောက်လိုက်ခဲ့တဲ့အကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ Drama ကားကောင်းလေးတစ်ကားဖြစ်ပါတယ်
Related