အရမ်းတော်တဲ့ ပန်းချီဆရာမတယောက်ဖြစ်တဲ့ ဒက်ဇီက အဆင်မပြေမှုတွေမျိုးစုံကြုံနေရပြီး အဲဒါတွေအဆင်ပြေဖို့ ပန်းချီကားကောင်းကောင်း တချပ်ပြီးအောင်ဆွဲရမယ့် အခြေအနေဖြစ်နေပါတယ် ။ ပန်းချီကားအတွက် ဈာန်ဝင်အောင်လုပ်ရင်း မူးယစ်ဆေး ၊ လိင်ကိစ္စတွေ ပတ်သတ်မိသွားပါတယ် ။
အစပိုင်းကတော့ အဲလိုသုံးပြီးဆွဲနိုင်နေပေမယ့် ဆေးသုံးသုံးဖက်ကောင့်နီဆိုတဲ့ သူက Bliss ဆိုတဲ့ ဆေးကိုစမ်းသုံးပြီးတဲ့အခါမှာတော့ မယုံနိုင်တဲ့ကိစ္စတွေ ဖြစ်လာတာပါပဲ ။
ညဘက် ဘာဖြစ်ခဲ့လဲဆိုတာတွေကို မနက်ကျရင်မမှတ်မိတော့တာပါပဲ ။ အဲဒါသုံးခိုင်းပြီးကတည်းက ကောင့်နီကိုလဲထပ်ပြီး ဆက်သွယ်လို့မရဖြစ်သွားပါတယ် ။
ပါးစပ်မှာသွေးတွေနဲ့ဘာဖြစ်လို့ဖြစ်မှန်းမသိဘဲ မနက်တိုင်းနိုးလာရတဲ့ ဒက်ဇီတယောက် ပန်းချီကားကိုကောပြီးအောင်ဆွဲနိုင်ပါ့မလား။
သူမသုံးလိုက်တဲ့ Bliss ကကော မူးယစ်ဆေးဟုတ်ရဲ့လားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ…..Crd: Gold Channel
Related