ဒီကားလေးအကြောင်းစမပြောခင် Blood Fest ဆိုတဲ့နာမည်အကြောင်းကို အရင်စပြောလိုက်ရအောင်….
Blood Fest ဆိုတာ သွေးသံရဲရဲနဲ့ကစားရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပြီးတော့ ဒီကစားနည်းဟာ အရမ်းကိုကျယ်ဝန်းလှတဲ့ ဧက၂၀ မြေကွက်ကြီးတစ်ခုမှာပြုလုပ်တဲ့ ဆယ်စုနှစ်ရဲ့အကောင်းဆုံးသော ” သွေးသံရဲရဲ ဧည့်ခံပွဲ ” ကစားနည်းလို့လည်း နာမည်ပေးထားပါတယ်…..
အဲကွင်းကြီးထဲမှာ နာမည်ကြီး Horror ရုပ်ရှင်တွေထဲက လူသတ်သမားတွေရဲ့ ပုံစံသရုပ်ဆောင်တွေကိုထည့်သွင်းထားပြီးတော့ ပါဝင်ကစားတဲ့ လူတွေကို ခြောက်လှန့်စေတာဖြစ်ပါတယ်…
Vampire , Zombie , Clown , The Arborist , Red အစရှိတဲ့ နာမည်ကျော်မကောင်းဆိုးဝါးတွေကို ဒီ Horror ကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်….
ဟောလိုဝင်းညပါတီပွဲကို ပျော်ချင်လို့ဆိုပြီး ဒီကွင်းကြီးထဲကို ဂိမ်းကစားဖို့ရောက်လာကြတဲ့ ဆယ်ကျော်သက်လေးသုံးယောက်ဟာ တကယ်တမ်း ဂိမ်းမဟုတ်ပဲ ကြမ်းတမ်းတဲ့အရာတွေနဲ့တွေ့ကြုံလာရတဲ့အခု လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်…
တစ်ကွင်းလုံးမှာလည်း အတုအယောင်တွေပြုလုပ်ထားတဲ့ သရဲကားတွေထဲကလို စိတ္တဆေးရုံတွေ သင်္ချိုင်းတွေနဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက နာမည်ကျော်လူသတ်သမားတွေနဲ့ ဂိမ်းကစားနေတာမဟုတ်တော့ပဲ သေရေးရှင်ရေးအတွက် အဲကွင်းထဲကနေလွတ်မြောက်နိုင်အောင်ကြိုးစားရတော့မှာပါ….
Horror ကားဆိုပေမယ့် ဒီကားဟာ ဟာသလေးတွေနှောပြီးရိုက်ပြထားတာပါ….
ဒါပေမယ့် Horror ကားရဲ့အနှစ်အရသာကိုတော့ ပျောက်ပျက်သွားတာမျိုး မဟုတ်ပါဘူး…
တချို့အခန်းတွေက ကြောက်စရာကောင်းသလို တချို့အခန်းတွေမှာလည်း စိတ်ပေါ့ပါးစွာနဲ့ရယ်မောမိကြမှာပါ…..
ဒါကြောင့် ဒီဇာတ်ကားလေးကို ကြည့်သင့်မကြည့်သင့်ကိုကတော့ သင်တို့ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ကြပါ……Crd: Channel Myanmar
Related