ဒါကတော့ပူပူနွေးနွေးထွက်ရှိလာတဲ့ Psychological horrorကားပဲဖြစ်ပါတယ်။
Horrorကားတစ်ကားအနေနဲ့တော့ ကောင်းတဲ့ ratingတွေလည်းရထားပါတယ်။
အယ်ဗန်ဟာ မိန်းမနဲ့သားလေးတစ်ယောက်ရှိနေပေမယ့် ငယ်စဉ်ကဖခင်ဖြစ်သူ နှိပ်စက်တာတွေခံခဲ့ရပြီး ငယ်ဘဝအိပ်မက်ဆိုးတွေကနေရုန်းထွက်မရဘဲ စိတ်ဖိစီးနေတဲ့သူတစ်ယောက်ပါ။
သူကအထက်တန်းကျောင်းတစ်ကျောင်းမှာ အဆင်မပြေဘဲ အခက်အခဲတွေကြုံနေရတဲ့ကျောင်းသားတွေကို နှစ်သိမ့်ဆွေးနွေးပေးရတဲ့သူဆိုတော့ ကျောင်းသားတွေ အိမ်တွင်းအကြမ်းဖက်မှုတွေ ခံနေရတာသိပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းပေးသူတစ်ယောက်ပေါ့။
သူ့မိန်းမကလေးမွေးဖွားပြီးနောက်မှာ သူ့အမေကလည်း သူတို့နဲ့လာနေပါတယ်။
သူ့အမေရောက်လာတာရော သူတို့အတွက် ကောင်းမွန်မှုတွေဖြစ်လာစေမှာလား၊ သူ့မိန်းမကရော သူ့အကြောင်းတွေသိသွားတဲ့အချိန်မှာဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီကားလေးမှာဆက်လက်ရှုစားလိုက်ပါ….. Crd: Channel Myanmar
Related