အက်ဒီနဲ့ ပေါ်လ်တို့ဟာ စားသောက်ဆိုင်လေးတဟ်ဆိုင်မှာ အချိန်ပိုင်းလုပ်ရင်း တရားမဝင်အလုပ်များကို ငွေယူပြီး လုပ်ပေးတဲ့ လူမိုက်နှစ်ယောက် ဖြစ်ပါတယ်။
ရှေ့နေမလေး ကတ်သရင်းကတော့ မကောင်းတဲ့လူတစ်ယောက်အပေါ် ယုံကြည်မိလို့ လူဆိုးခေါင်းဆောင် အာကာဒီဆီမှာ အကြွေးတင်နေပြီး သူခိုင်းတာတွေ လုပ်ပေးနေရတဲ့ ရှေ့နေမလေးတစ်ယောက်ပါ။
တစ်နေ့မှာတော့ အာကာဒီရဲ့ စေခိုင်းမှုကြောင့် ပစ္စည်းတစ်ခုကိုဖြတ်လုရမယ့်ကိစ္စ ဖြစ်လာခဲ့တဲ့အခါမှာတော့ အက်ဒီနဲ့ ပေါလ်တို့ဆီမှာ လာရောက်အလုပ်အပ်နှံခဲ့ပါတယ်။
အက်ဒီနဲ့ ပေါလ်တို့ဟာ အလုပ်လက်ခံခဲ့ပြီး ကတ်သရင်းပြောတဲ့အတိုင်း လုပ်ပေးခဲ့ပေမယ့် ကြားဝင်နှောက်ယှက်တဲ့ လူဆိုးတစ်သိုက်ကြောင့် သူတို့လုယူခဲ့တဲ့ ပစ္စည်းကို ဆုံးရှုံးခဲ့ရပါတယ်။
ပိုက်ဆံလည်းမရ စိတ်ညစ်ပြီး အိမ်ပြန်ဖို့ ပြင်ဆင်နေကြတုန်းမှာ ကတ်သရင်းရောက်လာခဲ့ပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့ပါတယ်။
ဒါ့အပြင် လူဆိုးဘုရင် အာကာဒီနောက်လုပ်မယ့်အလုပ်ကို ကြားဝင်ဖြတ်ခုတ်ဖို့ စုပေါင်းကြံစည်ကြရင်းဘယ်လိုတွေ ဖြသ်လာမလဲဆိုတာတော့ ဒီဟာသအက်ရှင်ဇာတ်ကားလေးကို ကြည့်ရှုအားပေးလိုက်ကြပါဦးခင်ဗျာ…..Crd: Channel Myanmar
Related