ပရိတ်သတ်ကြီးအတွက် ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Rating 6.5 ရရှိထားတဲ့ ‘Cam’ ဆိုတဲ့ ဇာတ်ကားလေးပါ။
ဒီကားထဲမှာဆိုရင် အယ်လစ်ဆိုတဲ့ ကောင်မလေးကလိုလာဆိုတဲ့ အကောင့်နာမည်နဲ့ ကမ်ရှိုးတွေပြပါတယ်။
ကမ်ရှိုးဆိုတာကတော့ ဝဘ်ဆိုဒ်တစ်ခုမှာ မိန်းကလေးတွေက လိုက်ဗ်လွှင့်တယ်။ အမျိုးသားတွေက ဘောက်ဆူးတွေပေးပြီး သူတို့ခိုင်းတာကို မိန်းကလေးတွေက လုပ်ပြရတာမျိုးပါ။ တစ်နည်းအားဖြင့်တော့ public sex chat သလိုပါပဲ။
လူကြိုက်များ မများပေါ်မူတည်ပြီးတော့လဲ အဆင့်တွေသတ်မှတ်ထားတာပေါ့။ အဲ့မှာ အယ်လစ်က သိပ်မကျော်ကြားသေးတဲ့သူပေါ့။
သူကအဆင့်တက်ဖို့ကြိုးစားနေတာ တစ်နေ့မှာတော့ သူက ခပ်ဆန်းဆန်းရှိုးလေးတစ်ခုပြပြီးတော့ ထိပ်ဆုံးအဆင့် ၅၀ အတွင်းဝင်သွားပါတော့တယ်။
ဒါပေမဲ့နောက်တစ်နေ့ သူအိပ်ရာက နိုးလာတော့ သူ့အကောင့်ထဲကို ဝင်လို့မရတော့ပါဘူး။ အဲ့ထက်ပိုဆိုးတာက သူ့အကောင့်မှာ သူနဲ့တစ်ပုံစံထဲတူတဲ့ မိန်းကလေးက သူ့လိုဟန်ဆောင်ပြီး ရှိုးတွေဆက်ပြနေတာပါပဲ။
အယ်လစ်ဟာ သူပြနေတာမဟုတ်တဲ့ ရှိုးတွေအတွက်လဲ နာမည်ပျက်လာပါတော့တယ်။
သူဒီကိစ္စကို ဘယ်လိုဖြေရှင်းသွားမလဲ။ ဒီကိစ္စရဲ့နောက်ကွယ်မှာရော ဘာတွေရှိနေမလဲ။ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုခံစားကြပါ(ဇာတ်ဝင်ခန်းတော်တော်များများက ကလေး၊ မိသားစုတွေနဲ့ အတူကြည့်ဖို့မသင့်တော်ပါဘူး)….Crd: Channel Myanmar
Related