ဒီကားကတော့ အမေရိကားရဲ့စက်ဆုပ်ဖွယ်ကောင်းပြီး နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ Charlie Mansonနဲ့ သူ့နောက်လိုက်တွေအကြောင်းရိုက်ထားတဲ့ Biographical Dramaကားတစ်ကားဖြစ်ပါတယ်။
အရင်လည်းသူ့အကြောင်းရုပ်ရှင်တွေရိုက်ခဲ့ဖူးပါတယ်။
ဒီကားမှာတော့ သူ့ကိုအရမ်းကိုချစ်ခင်ယုံကြည်ခဲ့တဲ့ ကောင်မလေးတွေဘက်က ရိုက်ပြထားတာပါ။
ဒီဘဲကြီးကThe Beatles ရော့ခ်အဖွဲ့ကိုအရမ်းရူးသွပ်ပြီး သူကိုယ်တိုင်လဲ သီချင်းတစ်ပုဒ်တောင် ထွက်ခဲ့သေးတယ်။
ကယ်လီဖိုးနီးယားက ခြံကြီးတစ်ခြံမှာ Manson Family ဆိုပြီးသူတို့နေကြတယ်။
ပုံစံကနည်းနည်းဟစ်ပီဆန်တယ်၊ လွှင့်ပစ်ထားတဲ့အသီးအရွက်တွေကိုချက်စားတယ်၊ မြင်ဇောင်းမှာအိပ်တယ်၊ သူတို့အချင်းချင်းလိင်ဆက်ဆံကြတယ်၊ သူတို့ဘာကိုမှမထိန်းချုပ်ထားဘူး။
ဒါပေမယ့် ကျမ်းစာကိုရူးသွပ်ပြီး race warကိုစတင်ဖို့လုပ်တယ်။
အခုလက်တလောထွက်ထားတဲ့ နာမည်ကြီး Once upon a time in Hollywoodကားမှာ Margot Robbie သရုပ်ဆောင်ထားတဲ့ Sharon Tateနဲ့ တခြားအနုပညာရှင်တွေကိုလည်း ဒီFamilyကသတ်ခဲ့တာပါ။
ဒီကားမှာ ဒီဘဲကြီးကကောင်မလေးတုံးတုံးအအလေးတွေကို တကယ်လွှမ်းမိုးခြယ်လှယ်ပြီး brainwashလုပ်သွားတာတွေကို ရိုက်ပြထားတယ်။
Castတွေကလည်း မျက်နှာသိပ်မစိမ်းတဲ့သူတွေပါ။ Game of Thrones seriesထဲက ဂီလီတစ်ယောက်လဲပါပါတယ်….Crd: Channel Myanmar
Related