Rating 7.6 အထိရရှိထားတဲ့ Animation ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…အဲလစ်စ်ဆိုတဲ့ကောင်လေးဟာ သူ့မွေးနေ့မှာမတွေ့တာကြာနေပြီဖြစ်တဲ့ ဦးလေးစတီးဝါ့ဒ်ဆီကနေ နင်ဂျာရုပ်လေးတစ်ရုပ်လက်ဆောင်ရခဲ့ပါတယ်…
နင်ဂျာရုပ်လေးဟာ တကယ့်အပြင်ကပုံမှန်နင်ဂျာသမားတွေလို အနက်ရောင်အင်္ကျီနဲ့ဖြစ်မနေဘဲ အင်္ကျီအကွက်လေးနဲ့ဖြစ်နေပါတယ်…
ဒါ့အပြင်ပိုထူးဆန်းတာက နင်ဂျာလေးဟာ အသက်ရှိနေတာပဲဖြစ်ပါတယ်…
အမြဲတမ်းမဝံ့မရဲနဲ့ဖြစ်နေတတ်တဲ့အဲလစ်စ်ဟာနင်ဂျာရုပ်လေးရဲ့ကျေးဇူးနဲ့ဘယ်လိုတွေဆက်ဖြစ်လာမလဲ…
သူတဖက်သတ် ကြိတ်ပြီးချစ်နေရတဲ့ကောင်မလေးကရော သူ့လိုငကြောက်လေးကိုပြန်ချစ်လာနိုင်ပါ့မလား…
နင်ဂျာရုပ်လေးက သူ့ကိုကူညီသလို သူကလဲနင်ဂျာရုပ်လေးကို ဘယ်လိုပြန်ကူညီရမှာလဲ…
နင်ဂျာရုပ်လေးကရော ဘာ့ကြောင့် အင်္ကျီအကွက်လေးနဲ့ဖြစ်နေပြီးတော့ အသက်ဝင်နေရသလဲ…ဇာတ်လမ်းလေးကိုကြည့်ရင်းအဖြေရှာကြည့်လိုက်ပါ…… Crd: Channel Myanmar
Related