ဇာတ်လမ်းအညွှန်းကတော့ ဆယ်နာပသီ ဆိုတဲ့ ဩဇာကြီးတဲ့ ဒုစရိုက်သမားကြီးဟာ ဘုရားက အပြန်မှာ လူမိုက်တချို့ရဲ့ လုပ်ကြံခြင်းကိုခံလိုက်ရပါတယ်။ ဒီသတင်းကို ကြားတော့…သားသုံးယောက်ဖြစ်တဲ့ချန်နိုင်းရာဇာ “ဗာရာဒန် “၊ဒူဘိုင်းမှာ အခြေချနေကြတဲ့ သားလတ် “သီယာဂူ”၊သားငယ် “အီသီ”တို့ ရောက်လာကြပါတယ်။
ဖခင်ကို လုပ်ကြံသူအား လက်စားချေဖို့ပါ။ ဖခင်ဆုံးသွားရင် နေရာဆက်ခံဖို့လည်း ပါတာပေါ့။ ဖခင်ကတော့ ဘယ်သူလက်ချက်လဲဆိုတာသိတယ်တဲ့။ ဒါပေမဲ့ မပြောပြခဲ့ပါဘူး။
တနေ့မှာတော့ ဖခင်ဟာ အကြောင်းမဲ့ သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ သားတွေရဲ့ ဇနီးမယားတွေလည်းလုပ်ကြံခံရတယ်။တရားခံက ဘယ်သူလဲ?ဒုစရိုက်လောက တစ်ခုလုံး ကြောက်ရတဲ့သူတို့ကို ဘယ်အဖွဲ့က လုပ်ကြံသလဲ?ဘာကြောင့်လုပ်ကြံလဲ ဆိုတာကို ကြည့်ရှုခံစားကြပါဦးဗျာ….။
လူတွေရဲ့ အတွင်းစိတ်ဟာ အင်မတန်ကြောက်ဖို့ ကောင်းတယ် . . .ပိုပြီးကြောက်ဖို့ကောင်းတာက အပေါ်ယံဟန်ဆောင်ပြုံးပြပြီး နောက်ကျောကို ဓားနဲ့ ထိုးတဲ့သူတွေ။ သူတစ်လူ ငါတစ်မင်းဆိုတဲ့စကားရယ်ငဖြူသေရင် ငမည်းပေါ်လိမ့်မယ်ဆိုတဲ့စကားရယ်. . .ဒီဇာတ်ကားထဲက အဖြစ်အပျက်တွေဟာ ကွက်တိတွေ။
ဇာတ်လမ်းက ရိုးမလိုနဲ့ ဆန်းပြားပြီးကြည့်ရင်းနဲ့ ကြက်သီးထလောက်အောင်ကို လူ့စရိုက်တွေကို အော်ဂလီဆန်လာစေတာမျိုးပါ။
ဒီကားထဲမှာတော့ဂန်းစတားလောကရဲ့ လည်သူစားစတမ်းလှည့်ကွက်တွေကြားက သွေးသားတော်စပ်မှုကို ဘေးချိတ်ပြီး ကိုယ့်အတွက်ဆို ဘယ်သူ့ကိုမှ အရှင်မထားတတ်တဲ့ ရွံရှာဖွယ်ရာ စိတ်ဓာတ်တွေ၊ ကိုယ့်မှာ ဇနီးသည်နဲ့ ကလေးတွေ ရှိနေပါလျက် ဖောက်ပြားတတ်တဲ့ ယောက်ျား၊ကိုယ့်ခေတ် ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့ ခြင်္သေ့မင်းပဲ ဖြစ်ခဲ့စေဦး အသက်အရွယ်ရလာချိန် အားမတန်လို့ မာန်လျှော့ရတဲ့ ဂိုဏ်းဂုရုကြီး တစ်ယောက်၊ ဂန်းစတားတွေရဲ့ အပူသည် ဇနီးသည်တွေအကြောင်း စသဖြင့် ဇာတ်ရုပ် ဇာတ်ကွက် စုံလင်လှပါတယ်။
တမီးလ်မင်းသား ဗီဂျေးစည်သူပသီ၊အာရ်ဗင်းဆွာမိတို့နဲ့ အတူမြောက်ပိုင်းက ဘောလိဝုဒ်မင်းသမီး အာဒီတီးရိုဟိုက်ဒါရီ(Bhoomi 2017 ထဲက မင်းသမီး)တို့ အဓိက ပါဝင်ထားပါတယ်။ အကြမ်းဖျင်းအားဖြင့် ပြောရရင်ဂန်းစတားလောက အကြောင်းကိုရိုက်ထားတယ်လို့ ပြောလို့ ရပေမယ့်. . .တကယ့်တကယ်တော့လူ့သဘာဝကို လှလှပပ သရုပ်ဖော်ပြသွားတဲ့ ပညာပေး ဇာတ်ကားတစ်ကားသာ ဖြစ်ပါကြောင်း……..Crd: Channel Myanmar
Related