မိဘကဆပ်ပြာမှုန့်လုပ်ငန်းလုပ်လို့အစွဲပြုပြီးပေးထားလို့ဆပ်ပြာမှုန့်နာမည်နဲ့တူတဲ့ကောင်မလေးတစ်ယောက်၊ လူကြောက်တတ်တဲ့မိဘစကားနားထောင်တတ်တဲ့အနေအထိုင်အေးတဲ့ကောင်မလေးတစ်ယောက်၊ လူတိုင်းကိုကိုယ့်လိုမှတ်ယူထားတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်….
သူ့အိမ်ကအလုပ်သွားအလုပ်ပြန်ဘတ်စ်ကားတိုးစီးရတာကိုမကြည့်ရက်လို့ကားအသစ်လေးတစ်စီးဝယ်ပေးလိုက်တဲ့နေ့မှာတင်သူခိုးလက်ထဲကိုကားသော့သွားအပ်မိတဲ့ကောင်မလေးတစ်ယောက်ပေါ့….
ရဲစခန်းမှာကားပျောက်ကြောင်းသွားတိုင်တော့သတင်းအစပ်အဆက်တွေနဲ့အနုပညာရှင်လို့ခေါ်တဲ့လူတစ်ယောက်အကူအညီနဲ့သူ့ကားကိုပြန်ရဖို့လိုက်ကြတာဖြစ်ပါတယ်…..
ဖြစ်ချင်တော့သူ့ကားလေးကဂန်းစတားလက်ထဲရောက်နေတာဖြစ်တယ်…
ကဲဂန်းစတားလက်ထဲကိုဘယ်လိုရောက်သွားတာလဲဘယ်လိုပြန်ယူမှာလဲဆိုတာကြည့်လိုက်ရအောင်…..
Bollywood ကားတွေရဲ့ထုံးစံအတိုင်းပညာပေးလေးတွေအတွေးလေးတွေကိုထည့်ထားတာဖြစ်ပြီးNetflix ကထုတ်ထားတာမို့ ဟာသလေးတွေလည်းပါတာဆိုတော့ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့လူတိုင်းကြိုက်တဲ့ကားလေးဖြစ်မှာပါ….Crd: Channel Myanmar
Related